Chapter - 66

4.5K 735 75
                                    


『Unicode』

အခန်း ( ၆၆ ) : မင်းက သနားစရာကောင်းတဲ့ ငန်းဖြူ​ပဲ။

※※※※※※※※※※※※※※※※※※※※



စာသင်ခန်းပြတင်းပေါက်မှ ငုံ့ကြည့်လျှင် ရန်ချင်းကျွမ်း​၏ ပြုံးနေသော မျက်နှာကို မြင်ရသည် ; ဘက်စကတ်ဘောကွင်းထဲမှ သန်မာလှသည့်ပုံရိပ် ; လူမရှိသောစာသင်ခန်းတွင် ကြောင်စီစီနှင့် မေးထောက်ထားသော ယောက်ျားလေး ; ဖြူဖျော့နေသော မျက်နှာဖြင့် ဆေးရုံကုတင်ထက်တွင် လှဲနေခြင်း ; ကျွန်တော် သေနတ်ပစ်ချိန်မှာ တောင့်တင်းနေသော ရင်ဘတ်နှင့် ကျောကိုကပ်၍ ဘယ်လိုခလုတ်ဆွဲရမလဲ သင်ပေးနေခြင်း.....

ဒါကို အိပ်မက်လ်ို့ ခေါ်လို့ရသလား ကျွန်တော် မသေချာပါ။ ကျွန်တော်ဟာ ရန်ချင်းကျွမ်းအကြောင်းကို ထပ်ခါတလဲလဲစဉ်းစားမိနေသည်။ မတူညီသောကာလအပိုင်းအခြားတွေက သူ ၊ မတူညီသော မြင်ကွင်းတွေဆီက သူ။နောက်ဆုံး သူကျင်ချန်ယွီကို စကားပြောနေသည့် မြင်ကွင်းမှာရပ်တန့်သွား​၏ ; ကျွန်တော့်ဘဝကို ဓားသုံးချက်သုံးပြီး ဖလှယ်မယ်။

ဓားက လက်ဖဝါးကို ထိုးဖောက်သွားခိုက် ကျွန်တော့်ရင်မှာ တင်းကျပ်သွားကာ ရုတ်တရက် အိပ်နေရာမှ လန့်နိုးလာခဲ့တော့သည်။

တောက်ပသောအလင်းတန်းသည် လိုက်ကာကြား အဟ,မှ ဖြတ်ဝင်လာပြီး အပြင်ဘက်မှ ငှက်တို့​၏ ကျီကျီကျာကျာအသံတွေကိုလဲ ကျွန်တော် ကြားနေရသည်။ ကျွန်တော် မျက်တောင်ခတ်လိုက်မိလျက်။ အိပ်မက်ပါအကြောင်းအရာကြောင့်အချိန်အတော်ကြာတိုင် နှလုံးခုန်သံတွေက မငြိမ်သက်နိုင်ခဲ့ပေ။

ကျွန်တော် ဖြည်းဖြည်းချင်းထထိုင်လိုက်လျှင် ပုခုံးမှ စောင်ပါးလေးက လျှောကျသွား​၏။ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်မိရင်း မှတ်ဉာဏ်တွေကပြန်လည်ပေါ်ပေါက်လာကာ လုပ်ခဲ့မိသော အလုပ်ကောင်းများကို စတင် တွေးမိလာတော့သည်။

ကျွန်တော် မျက်နှာကိုအုပ်လိုက်မိရင်း ငယ်ထိပ်မှ ခြေဖျားအထိ ပူလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရှက်လွန်းလို့ ဒီအခြေအနေအထိ ဘယ်လိုရောက်သွားသလဲဆိုတာကိုပင် နားမလည်နိုင်တော့ပေ.....

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now