Chapter - 52

3.6K 639 36
                                    



『Unicode』

အခန်း ( ၅၂ ) : ဓားသုံးလက်နှင့် အပေါက်ခြောက်ပေါက်။

※※※※※※※※※※※※※※※※※※※※



Warning / Self-harming



သေနတ်သံက အချိန်အတော်ကြာ ထွက်မလာခဲ့။ယင်းအစား ရန်ချင်းကျွမ်း​၏ သက်ပြင်းချသံတစ်ချက်သာ ထွက်လာခဲ့သည်။

" မင်းဘာလို့....ငါ မင်းကို ပစ်လိမ့်မယ်လို့တွေးရတာလဲ ? "

ကျွန်တော် ရုတ်ခြည်း မျက်လုံးဖွင့်ကြည့်လိုက်ရာ သူသည် သေနတ်ပြောင်းကို မြှောက်၍ ကျွန်တော့်ဘယ်ဘက်ရှိ လူရှည်ကြီးကို ချိန်ပြီး မတွေးမတောပဲ ခလုတ်ကို ဆွဲလိုက်​၏။

သေနတ်ပြောင်းရင်းမှ ကျည်မထွက်လာခဲ့။ သူ သေနတ်ကို နှစ်ကြိမ်မျှ ဆွဲလိုက်သော်လည်း ကျည်ကထွက်မလာသေးပေ။ရန်ချင်းကျွမ်းသည် လက်ထဲက သေနတ်ကို တစ်ချက်ကြည့်၍ ကိစ္စတစ်ခုလုံးကို ချက်ချင်းနားလည်သွားပုံပင်။

သူ့နောက်မှ ခုံထန်က နောက်ထပ်သေနတ်တစ်လက်ကို မြှောက်၍ ရန်ချင်းကျွမ်း​၏ နောက်စေ့ကို ချိန်လိုက်သည်။

" မှန်းကြည့် ၊ ဒီသေနတ်ထဲမှာရောကျည်ရှိလားလို့ ? " သူက ပြော၍ safety ကိုဖွင့်လိုက်ပြီး အချိန်မရွေး၊နေရာမရွေးခလုတ်ဆွဲလိုက်တော့မည့်နှယ်။

" မလုပ်နဲ့ ! "

ကျွန်တော် ရုန်း၍ထလိုက်ပေမယ့် ကျွန်တော့်ကို ဖိထားသောလူက အလွန်သန်မာပြီး ပို၍ပြင်းထန်စွာ ဖိတွန်းလိုက်ရာ ဒူးကမြေပေါ်ညွှတ်ကျလျက် ကျောပြင်က ခုံးသွား​၏။ ထိုအခိုက်ဝယ် ကျွန်တော့်အဖို့ ခေါင်းပင်မော့ဖို့ ခက်ခဲခဲ့လေပြီ။

ရုတ်တရက် လက်ခုပ်သံထွက်ပေါ်လာ​၏။ ကျင်ချန်ယွီက လက်ခုပ်တီးရင်း ပြုံးကာဆိုသည် : " ထိရှပါပေတယ်။ လောင်ယောင် မင်းတကယ် ငါ့ကိုရှိုးကောင်းကောင်းလေး ဖန်တီးပေးတာပဲ "

ခုံထန်က သေနတ်ကိုမြှောက်၍ ရန်ချင်းကျွမ်းကို လှည့်ဖို့ အမိန့်ပေးလာသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』जहाँ कहानियाँ रहती हैं। अभी खोजें