Chapter - 1

13.4K 919 33
                                    

『Unicode』

အခန်း ( ၁ ) : လူသားတွေက သိမ်ငယ်တတ်တဲ့ဉာဉ်နဲ့ မွေးဖွားလာတာ။

※※※※※※※※※※※※※※※※※※※※

စင်္ကြံလမ်းအတွင်းဝယ် အလုံးစုံ တိတ်ဆိတ်နေပြီး မည်သူမှလည်း မရှိနေ။ ကျွန်တော် ပတ်ပတ်လည်ကို အားစိုက်ကြည့်မိတဲ့အခါ မြင်မြင်သမျှက အဆုံးမဲ့မြင်ကွင်းကြီးနှင့် အသက်မပါသော အမှောင်ထုကြီးသာ။

ရေခဲတန်းက ကြမ်းပြင်တစ်လျှောက်မှ တစ်စနှင့်တစ်စ ကျွန်တော့်ဆီကို ရွေ့လာခဲ့ပြီး အသက်ရှုသံတို့ကတောင် အဖြူငွေ့တွေထွက်လာခဲ့သည်။ ကျွန်တော့်ရှေ့မှာ မှန်ပြတင်းလေးပါတဲ့ အဝါနုရောင် အသားတံခါးတစ်ချပ်။ ဆည်းဆာချိန်နေရောင်အောက်မှာ နွေးမြမြအဝါရောင်ချယ်မှုန်းထားတဲ့ စာသင်ခန်းကို ကျွန်တော်မြင်နေရ​၏။

ကျွန်တော်ရှိနေခဲ့တဲ့အမှောင်ထုနဲ့ မတူညီစွာ အဲ့ဒီနေရာကတော့ အေးအေးချမ်းချမ်းနှင့် ထိန်လင်းနေတာပင်။ စာသင်ခန်း​ရဲ့အလယ်အကျဆုံးနေရာမှာ ကျောင်းယူနီဖောင်းဝတ်ထားကြတဲ့ ဆယ်ကျော်သက်နှစ်ယောက်က.......ကလူကျီစယ်လှတဲ့ အနမ်းတစ်ခုအတွင်း ပိတ်မိနေခဲ့ကြလျက်။

သည်အခိုက် စာသင်ခန်းထဲမှာ တခြားမည်သူတစ်ဦးတလေမှ မရှိ။ " အားလုံးမရှိတော့ဘူးမို့ ၊ ငါ့ကိုလဲ သိသွားခံရမှာမဟုတ်ဘူး " ; ဒါက ကျွန်တော့်အတွေး။ဖြစ်တန်သည်ကား သူတို့အတွေးလဲ ဖြစ်နေဦးမှာပင်။ တစ်နေကုန်လုံး ဖော်ပြခွင့်မရပဲ ၊ ချိုးနှိမ်ထားရသည့်သူတို့​ရဲ့အချစ်က ဒီတိတ်ဆိတ်တဲ့ စာသင်ခန်းမှာ ယခုအခါ အပြည့်အဝထုတ်ဖော်နိုင်ပြီလေ။

ကျွန်တော့်ကို ကျောပေးထားတဲ့ ဆယ်ကျော်သက်လေးက သွယ်လျလျနှင့်။ သူ့ညာဘက်လက်ကို သူ့ရှေ့မှောက်ကလူရဲ့ရင်ဘတ်မှာ ပျော့ခွေစွာ ထောက်ထားတာလေးက ဒီလို ရဲတင်းလှတဲ့ ပြင်းရှရှအနမ်းကို တောင့်ခံနိုင်စွမ်းမရှိဘဲ တစ်ဖက်လူကို အဝေးတွန်းထုတ်ချင်နေသလိုပင်။ မည်သို့ဆိုစေ ၊ သူ ဘာမှ မလုပ်နိုင်ခင်မှာပဲ တစ်ဖက်မှ ဆယ်ကျော်သက်က သူ့ရဲ့ဖြူဖတ်ဖတ်လက်ကောက်ဝတ်ကို မြဲမြဲမြံမြံ ဆုပ်ယူလိုက်ပြီး ဂျုံရောင်လက်ဖဝါးနှင့် အုပ်ကိုင်လိုက်ရင်း သူ့ကို ငြင်းခွင့်မပေးတော့ပါချေ။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now