Chapter - 57

3.6K 652 77
                                    

『Unicode 』

အခန်း ( ၅၇ ) : သူ့ကို သိပ်သဘောကျရတယ် ၊ သူ့ကို သိပ် လိုချင်ပါတယ်...

※※※※※※※※※※※※※※※※※※※※

" ငါက ဘာလို့ မင်းကို ကူညီရမှာလဲ ? "

အားကစားကွင်း၏ ချောင်ကျသော ထောင့်ချိုးတွင် လင်းရှန့်သည် အဝေးမှ ဘတ်စကတ်ဘောကွင်းကို ကြည့်ရင်းအလျားလိုက်ဘားတန်းကို မှီနေ​၏။ သူ ကျွန်တော့်ကို လွယ်လွယ် မကူညီနိုင်ဟု ခန့်မှန်းမိသော်လည်း ဤသို့ တဲ့တိုးမေးခွန်းမျိူး မေးလာသောအခါ ကျွန်တော် အနည်းငယ် အံ့သြမိနေဆဲ။

ရှက်စိတ်လှိုင်းလုံးက ရင်ထဲ တလိမ့်လိမ့်တက်လာကာ ကျွန်တော် မျက်နှာပူလာ​၏။ သူမှန်ပါသည် ၊ သူ့မှာ ကျွန်တော့်ကိုကူညီနေစရာအကြောင်းမရှိပေ။ ယင်းက ပိုင်ရှင်မဲ့ လေလွင့်ခွေးတစ်ကောင်သေဆုံးခြင်းဖြစ်ပြီး သတ်သူကလဲ ၁၈နှစ်အောက် အသက်မပြည့်သေးသော လူဆိုးအဖွဲ့ပင်။ နှစ်တိုင်းနှစ်တိုင်း ဒီလိုကိစ္စမျိုး ဘယ်လောက်ဖြစ်ပြီးပြီလဲ ကျွန်တော်မသိ။ သတင်းအသစ်အဖြစ် အစီရင်ခံဖို့အတွက်တော့ အကြောင်းအရာက အလွန်ညံ့ဖျင်းနေကာ အုန်းအုန်းကျက်ကျက်ဖြစ်စရာ အချက်မရှိပေ။

ကျွန်တော် နားလည်သွားသည်နှင့် သူ့ကိုဆက် ခယနေရာမရှိတော့ : " တောင်းပန်ပါတယ်။ငါ အတင်းအကျပ်ဖြစ်သွားမိရင်လဲ ၊ ငါ မပြောခဲ့သယောင်ဆောင်လိုက်ပါ.... "

" မင်းကို ကူညီဖို့က မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ "

လင်းရှန့်က ရုတ်တရက်စိတ်ပြောင်းသွား​၏။

ကျွန်တော် ရပ်လိုက်ကာ သူ့ကို အံ့ဩတကြီးလှည့်ကြည့်မိသည်။

သူက အဝေးကအကြည့်ကိုလွှဲဖယ်၍ ကျွန်တော့်ကို ကြည့်ကာ ဆိုသည် : " ဒါပေမယ့် ငါ့မှာတောင်းဆိုချက်တစ်ခုတော့ရှိတယ် "

ဤလောကကြီး၌ တခြားသူများကို မင်းအတွက် လုပ်ဆောင်ပေးပါရန် တောင်းဆိုမိလျှင် ဘယ်သောအခါမှ အလကားမဟုတ်ပေ။ ကျောက်ဖုန်းလဲ ဒီလိုပဲဖြစ်သလို လင်းရှန့်လဲ ဒီလိုပင်။ ကျွန်တော် သိပ်မအံ့သြဖြစ်။ မဟုတ်လျှင်လဲ ဒါကလူ့သဘာဝ ဖြစ်လို့ဖြစ်နိုင်​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now