Chapter - 34

3.5K 651 63
                                    

『Unicode 』

အခန်း ( ၃၄ ) : ရန်ချင်းကျွမ်း ငါ့ကို ကယ်ပါဦး

※※※※※※※※※※※※※※※※※※※※



ကျွန်တော့်မြင်ကွင်းထဲတွင် ပြောက်တိပြောက်ကျားရိပ်တွေရှိနေပြီး အောက်ဖက်မှာ နူးညံ့သည့်အိပ်ရာရှိနေသည်။တစ်စုံတစ်ယောက်က ကျွန်တော့်အင်္ကျီတွေကို ချွတ်နေမှန်း ခံစားမိပေမယ့် ကျွန်တော့်မှာ စု၍ တားမြစ်နိုင်သည့် အားအပိုမရှိပေ။

လူကို ပူစေရုံသာမက ကြွက်သားတွေကို ပြေလျော့လာစေအောင် အော်ခယ့်လန်က ကျွန်တော့်အား ဘာတွေကျွေးလိုက်သနည်း ?

အပူ ၊ စိတ်ကြွလာတာ ၊ ကြွက်သားတွေပြေလျော့လာတာ...

ရုတ်တရက်ကြီး ဆာကာမိုတိုကတဆင့် ကျင်မိသားစုကို လက်ကားရောင်းချသော " ယင်းဟွား " မှာလည်း ဒီလို ဆေးအာနိသင်မျိုးရှိကြောင်း ဆာကီပြောပြဖူးတာကို ကျွန်တော်အမှတ်ရမိသည်။

အော်ခယ့်လန် ကျွန်တော့်ကို တိုက်လိုက်တာက.... ယင်းဟွား ဖြစ်နေမလား ?

သူကျွန်တော့်ကို သာယာစေတဲ့ဆေးတိုက်လိုက်တာလား ? ?

" အော်မိန်းကလေး... မင်းပြောတော့ ငါက.....ပိုးကောင်လေးပဲဆို...ငါကို ဂရုစိုက်မနေနဲ့လေ..."

ကျွန်တော် တောင်းပန်ပြီးရင်း တောင်းပန်နေသော်လည်း အချည်းနှီးသာ။ အသံတိတ်နေသည့်လူနှစ်ယောက်က ကျွန်တော့်အဝတ်တွေကိုချွတ်ပြီးသည်နှင့် သူတို့က ကျွန်တော့်ကို ပင့်မ,ကာ တစ်ဝက်ဒူးထောက်၍ ကြက်ခြေခတ်ပုံစံဖော်၍ ကုတင်အစွန်း၌ ကျောပေးစေလိုက်သည်။

" နင်က အရမ်းဆူတာပဲ " အော်ခယ့်လန်​​၏အသံက ကျွန်တော့်နောက် မလှမ်းမကမ်းမှာရှိနေပြီး မူးနေသည့်နှယ် မတစ်သမတ်တည်းမဟုတ်နေ။ " ပိုးကောင်က ငါ့ကို စကားပြောနိုင်တယ်ထင်နေလား ? "

ခဏအကြာ ဘယ်ဘက်ရှိလူက အမိန့်ရရှိသွားဟန်တူသည်။ သူက ကျွန်တော့်လက်ကိုလွှတ်ပေး၍ သူ့လည်ပင်းမှလည်စည်းကို အမြန်ဖြုတ်ကာ ကျွန်တော့်ပါးစပ်အား စည်းပေးသည်။လည်စည်းက ခေါင်းနောက်မှာ တင်းတင်းချည်ခံရပြီး လျှာကိုပါ ဖိထားတာကြောင့် ကျွန်တော့်မှာ အသံပင်မထွက်နိုင်တော့။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now