Chapter - 39

3.8K 674 85
                                    


『Unicode 』

အခန်း ( ၃၉ ) : ငါ ဘယ်တော့မှလဲ နေသားကျမှာမဟုတ်ဘူး။

※※※※※※※※※※※※※※※※※※※※



ကျွန်တော်က သူ့ကို ထိနေတယ် ?

ဟုတ်တယ်လား ?

စိတ်ထဲမှာ အနှီမေးခွန်းကြီးဖြင့် ကျွန်တော် တံခါးဖွင့်၍ သန့်စင်ခန်းထဲမှ ထွက်လာခဲ့မိ​၏။

အပြင်ဘက်၌ သန့်စင်ခန်းလာသည့် စားသုံးသူတစ်ယောက်နှင့် ကြုံလိုက်ရသည်။ သူက ကျွန်တော် ထွက်လာတာကို မြင်၍ဝင်တော့မည်အပြု ၊ ကျွန်တော်က အချိန်မှီ တားလိုက်မိ​၏။

" အားနာပါတယ်၊ အထဲမှာ လူရှိတယ် "

ထိုသို့ကြားလျှင် တစ်ဖက်လူ​၏ မျက်နှာမှာ ထူးဆန်းသည့်အမူအရာဖြစ်သွားသည်။ သူက အိမ်သာရှိရာဘက်ကို ကြည့်၍ပြီးမှ ကျွန်တော့်ကို ပြန်ကြည့်လာကာ မလှုပ်ပဲ ရပ်နေခဲ့လေသည်။

အပြန်လမ်း၌ လှိုင်းနည်းနည်းကြီးသဖြင့် လှေက ဆောင့်​၏။ကျွန်တော့်မှာ အလွန်မသက်မသာဖြစ်လာ၍ အနားယူရန်မျက်လုံးကိုသာမှိတ်ထားမိတော့သည်။

လှေယမ်းခြင်းနှင့် စားပြီးနောက် အမှန်တကယ် အိပ်ချင်လာတာတို့ကြောင့် ကျွန်တော်တောင် မသိလိုက်ပဲ အိပ်ပျော်သွားရသည်။

သို့နှင့် ကျွန်တော် နိုးလာသောအခါ ခေါင်းက ရန်ချင်းကျွမ်းပုခုံးပေါ်ကို မှီထားခဲ့ပြီး လှေကလဲ ဆိုက်ကပ်နေပြီမှန်း သိလိုက်ရ​၏။

ကျွန်တော် အမြန် ထထိုင်လိုက်မိ၍ ဘဝင်မကျဖြစ်သွားရသည်။ မလှမ်းမကမ်း၌ ခြေကားယားလက်ကားယားဖြင့်အိပ်ပျော်နေကြသော ချန်ချောင်နှင့် မားရှု့တို့ကို တစ်ချက်​ကြည့်မိရင်း ကျွန်တော် ရန်ချင်းကျွမ်းအား ခပ်တိုးတိုးဆိုလိုက်သည် : " ငါ မရည်ရွယ်ဘူး... "

ရန်ချင်းကျွမ်းက ကျွန်တော်နိုးလာတာကို မြင်လျှင် ဘာစကားမှ မဆိုခဲ့ပေ။ သူက သူ့ပုခုံးကို လှုပ်ရင်း မသက်မသာဖြစ်သည့်နှယ် မျက်မှောင်ရေးရေးကြုံ့ထားသေး​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now