Chapter - 2

5.8K 777 46
                                    

『Unicode』

အခန်း ( ၂ ) : ကျွန်တော်သူ့ကို လွှတ်မပေးရင် သူ ကျွန်တော့်ကို ရိုက်တော့မှာ။

※※※※※※※※※※※※※※※※※※※※



ဝဋ်ဆိုတဲ့ နိယာမကို ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့သည်။ ဆီလျော်တဲ့ ဒဏ်ခတ်မှုတွေလည်း အပါအဝင်ပေါ့။ လောင်ကျိ​၏ သေဆုံးမှုနှင့် ကျွန်တော့်​၏နာမကျန်းဖြစ်ခြင်းတွေက ဒီသဘောတရား​ရဲ့ အကောင်းဆုံး ဥပမာတွေဖြစ်နေသည်ကိုး။

လောင်ကျိတစ်ယောက် သူ့အိမ်ထောင်ရေးနှင့် မိသားစုကို သစ္စာဖောက်ခဲ့တာကြောင့် မြင်ရှု့မကောင်းအောင် သေဆုံးသွားရတာက သူ​၏ဝဋ်လည်ခြင်းတရား။ ကျွန်တော်..... လည်းပဲ မလုပ်သင့်တဲ့ အရာကို လုပ်ခဲ့မိတာမို့ ဘုရားဆီကနေ ဒီလိုနည်းနှင့် အပြစ်ပေးခံရတာဖြစ်သည်။ ဒါကြောင့် ကျွန်တော့်အတွက် မတရားသလိုလဲ မခံစားရသလို ကောင်းကင်ဘုံနှင့်တခြားအရာတွေကို အပြစ်မတင်နိုင်ခဲ့။ တမျိုးပြောင်းပြောရရင် " မျှော်လင့်တဲ့အတိုင်း နောက်ဆုံးမှာ ရောက်လာပါပြီ " ဟူသော တမျိူးတမည် ခံစားချက်လို့ ဆိုရမည်။

ငယ်ငယ်ကတည်းက အမေက ကျွန်တော်နှင့် ပတ်သတ်ရင် အလွန်တင်းကြပ်ခဲ့သည်။ နောက်ပိုင်း အဖေဆုံးသွားပြီး တစ်မိသားစုလုံး သူမ ပခုံးပေါ်ရောက်လာသောအခါ သူမက ပိုလို့တောင် စည်းကမ်းကြီးလာခဲ့ပြီး ကျွန်တော့်အပေါ်မှာလဲမျှော်လင့်ချက်တွေ မြင့်သထက်မြင့်လာတော့​၏။

လေးနှစ်အရွယ်ကတည်းက ကျွန်တော် Celloကို စသင်ယူခဲ့တာဖြစ်သည်။ ထိုစဉ်က အဖေကလဲရှိဆဲ ၊ မိသားစုအခြေအနေကလဲ အရမ်းမဆိုးသေးသည်မို့ ရသခံစားကြည့်သလို စိတ်မျိုးမွေးပြီး တူရိယာကိုကောက်ကိုင်ကြည့်မိတာက ကိစ္စမဟုတ်ခဲ့ပေ။ သို့သော် မိသားစုမှာ အမေတစ်ယောက်တည်း ထောက်တိုင်အဖြစ် ကျန်ရစ်တော့တဲ့အခါ ကျွန်တော်တို့ မိသားစုဝင်ငွေက သိသိသာသာကိုပဲ လျှော့ကျသွားခဲ့ရသည်။ နဂိုတုန်းက ကျွန်တော်အဖို့ ပိုက်ဆံ-ဖြုန်းမဲ့ တူရိယာတွေနဲ့ ဆက်ပြီးမသင်ချင်တော့သည့်တိုင် အမေက ကျွန်တော့်ကို ထွက်ခွင့်မပြုခဲ့ပေ။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now