Chapter - 33

3.6K 608 39
                                    

『Unicode』

အခန်း ( ၃၃ ) : လာ ၊ ငါ့ကို ရှိုးကောင်းကောင်းလေး ပြပေး။

※※※※※※※※※※※※※※※※※※※※


စျေးဝယ်မောလ်များနှင့် အပန်းဖြေစခန်းများသည် ဝယ်သူများအားဆွဲဆောင်ရန် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲများကိုကျင်းပလေ့ရှိရာ ဟယ့်လျန်အုပ်စုသည်လည်း ချွင်းချက်မဟုတ်ပေ။

နှစ်၂၀ပြည့် အခမ်းအနားပွဲနေ့တွင် ဟယ့်လျန်အပန်းဖြေစခန်းသည် ကျွန်းပေါ်ရှိ ဟိုတယ်ဧည့်ခံခန်းမတွင် တစ်မူထူးကဲ့သည့် ဧည့်ခံပွဲ ကျင်းပရန် အလွှာပေါင်းစုံမှ လူတွေကို ဖိတ်ကြားခဲ့ကြသည်။ အစဉ်အလာနှင့် နာမည်ကြီးမီဒီယာများအပြင်တက်ရောက်သူများတွင် အလားအလာတက်နေသည့်နယ်ပယ်များမှ လူငယ်စွန့်ဦးတီထွင်သူတချို့လည်း ပါဝင်ခဲ့​၏။

ယခင် ကျင်ကတော်​၏ မွေးနေ့ပါတီလို မိသားစု ဧည့်ခံပွဲမျိူးနှင့်မတူစွာ ဤညစာစားပွဲက ညီတူညီမျှ ခမ်းနားသည့်တိုင် ပိုမိုခိုင်ကြည်သည့် စီးပွားရေးဆန်ဆန်လေထုမရှိနေပေ။ ကျင်လူကြီးမင်းနှင့် သူ့သားက ခဏမျှ လာ၍ ထွက်သွားခံ့ပြီး ကျင်ကတော်ကမူ မျက်နှာပင် ပြမလာခဲ့။

​ပျော်ဖို့ရွှင်ဖို့အတွက် ပွဲထဲမှာ တီးဝိုင်းတစ်ဝိုင်းကိုလည်း ထည့်ထား​၏။ သို့သော် ဂန္တဝင်သံစုံတီးဝိုင်းမဟုတ်ပဲ လတ်တလောလူကြိုက်များနေသည့် ပေါပ့်တီးဝိုင်းပင်။

ဤသို့သော နှစ်ပတ်လည်ကြိုဆိုပွဲက ကျွန်တော်နှင့် လားလားမျှ သက်ဆိုင်မနေပေ။ သို့သော် လွန်ခဲ့သော နှစ်ရက်က ကျင်ချန်ယွီသည် ကျွန်တော့်ကို ရုတ်တရက်လာရှာပြီး ဆာကာမိုတိုက သူသဘောတွေ့သည့် လူပုံရိုက်ဓာတ်ပုံဆရာကို တွေ့ခဲ့ပြီးဖြစ်ကြောင်းပြောပြလာသည်။ သူက ယနေ့ ကျွန်းကိုရောက်လာမည်ဖြစ်ပြီး နှစ်ပတ်လည် ကော့တေးလ်ပါတီတက်ပြီးပါကကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးမည်ဖြစ်ကြောင်းပါပင်။

တစ်ဖက်လူသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် နာမည်ကြီးသော ယန်ဝေ့အမည်ရ တရုတ်လူမျိုး ဓာတ်ပုံဆရာဖြစ်သည်။သူဟာ ဆုပေါင်းမြောက်မြားစွာကို ဆွတ်ခူးထားပြီး လူပုံတွေရိုက်ကူးရာမှာလဲ တစ်ဖက်ကမ်းခပ်တော်လွန်း​၏။ အမျိုးသားရော အမျိုးသမီး နာမည်ကြီးပုဂ္ဂိုလ်များက သူနှင့်ဓာတ်ပုံရိုက်ရခြင်းကို ဂုဏ်ယူတတ်ကြသော်လည်း သူကတော့ မထင်မရှားသာမန်လူတွေကို ဓာတ်ပုံရိုက်ရခြင်းအား ပိုနှစ်သက်လေသည်။ ပုံတူဓာတ်ပုံဆရာတစ်ယောက်၏ ဖြစ်တည်ခြင်းအဓိပ္ပါယ်မှာ ဓာတ်ပုံပညာမှတဆင့် ဇာတ်ကောင်များကို တုယှဉ်နိုင်စရာမရှိသည့် ဇာတ်လမ်းများ ဖန်တီးနိုင်ခြင်းဟု သူကယုံကြည်ထား​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now