Chapter - 41

3.7K 706 59
                                    


『Unicode 』

အခန်း ( ၄၁ ) : ငါတို့ကြားမှာက မဖြစ်နိုင်ဘူး။

※※※※※※※※※※※※※※※※※※※※



လှည့်ရင်းပတ်ရင်းဖြင့် တစ်ညကုန်သွားပြီး ၊ နောက်တစ်နေ့ မနက်စာစားပြီးသော် ကြာကြာနေဖို့ မစီစဉ်ထားတော့ပဲကျွန်တော်နှင့်ရန်ချင်းကျွမ်းတို့ ချုန်းဟိုင်သို့ ပြန်ဖို့ ပြင်ကြတော့သည်။

" မင်း ဒီမှာစောင့်နေ ငါ ကားယူလာခဲ့မယ်။ "

ရန်ချင်းကျွမ်းက အသိပေး၍ ကားသော့ယူကာ ထွက်သွား​၏။

ဟိုတယ်လေး​၏ အရှေ့လမ်းမတွင် လူရှုပ်နေပြီး လမ်းတစ်လျှောက် လှည့်လည်ရောင်းချသူများလည်းရှိသည်။ ကျွန်တော်အသက်ဝင်နေသည့်အသံများကို ကြားမိ၍ ကြုံသလို လှည့်ပတ်ကြည့်လိုက်ရာ ကြက်၊ဝက်၊ငါးနှင့် အသားမျိုးစုံရရှိနိုင်ကြောင်း သိလိုက်ရသည်။ ထို့အပြင် အသီး ၊ အဆာသွပ်မုန့်များ ၊ အိုးနှင့် ဒယ်တချို့ကိုပင် ရောင်းချနေခဲ့သည်။

" ဒါက စျေးလေ၊ မင်းတို့ မြို့ကြီးတွေမှာမမြင်ဖူးဘူးမလား ? " သူဌေးမက မနက်စာစားနေခဲ့သည်။ ကျွန်တော် စူးစမ်းနေတာကိုမြင်လျှင် သူမက တံခါးဝသို့ ပန်းကန်လုံးလေးနှင့်ရောက်လာကာ ရှင်းပြ​၏ :

" နေ့တိုင်းနေ့တိုင်း လူတွေအများကြီးစုပြီး မတူတဲ့နေရာတွေမှာ စျေးရောင်းကြတယ်။ ဒီနေ့ ဒီမှာဆို ၊ မနက်ဖြန် ဟိုမှာပဲ ၊ဒါကို စျေးလို့ခေါ်တာပါ။ဒီနေ့က ငါ့အိမ်ရှေ့ကလမ်းအလှည့်မို့ ၊ မနက်ဖြန်ကျရင် ဒီလူတွေက တခြားနေရာသွားကြမှာ "

ဒီလိုကိုး။

ရုတ်တရက် မလှမ်းမကမ်းမှ ပေါက်သံတစ်ခုထွက်လာကာ ချိုမွှေးသည့် ရနံ့ပျံ့လွင့်လာ​၏။ ယင်းသည် အကန့်ထဲမှ ထွက်လာသော အသစ်စက်စက် ပေါက်ပေါက်တစ်သုတ်ပင် ; အရပ်ရှည်ရှည်နှင့် သန်မာသော လူကြီးတစ်ယောက်က ပုခုံးတစ်ဖက်စီမှာ ဂေါ်ဖီထုပ်လတ်လတ်ဆတ်ဆတ်တွေထမ်းရင်း " လမ်းဖယ် ၊ လမ်းဖယ် " ဟု အော်ဟစ်နေသည် ; အဖွားအိုတစ်ယောက်က ဂျုံလုံးကြော်ဆိုင်ရှေ့သို့လှည်းတွန်းလာပြီး လှည်းအောက်တွင် အမွေးလုံးဖြူဖြူလေးကလဲ အပုံလိုက်ရှိနေ​၏။ အနားတိုးကပ်ကြည့်မိသော် ခွေးပေါက်အဖြူလေးမှန်း သိလိုက်ရသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Nơi câu chuyện tồn tại. Hãy khám phá bây giờ