Chapter - 31

3.7K 631 29
                                    


『Unicode 』

အခန်း ( ၃၁ ) - အချိုစားတာက မင်းစိတ်အခြေအနေကို ပိုကောင်းလာစေလိမ့်မယ်။

※※※※※※※※※※※※※※※※※※※※



လင်းရှန့်က ရောက်လာပြီး ကျွန်တော့်အောက်က အိတ်ကို ကောက်ပေး​၏။

" တိုက်ဆိုင်လိုက်တာ ငါမင်းကို ဒီမှာ တွေ့မယ်လို့ထင်မထားဘူး "

အနှီ ဖြူလျလျလက်ကို စိုက်ကြည့်ရင်း ကျွန်တော် တောင့်တောင့်ကြီး အိတ်ကိုယူလိုက်မိကာ ဘယ်လိုပြန်ဖြေသင့်သလဲစဉ်းစားဖို့ အချိန်ခဏယူလိုက်ရသည်။

" အာ ဟုတ်တယ် တိုက်ဆိုင်လိုက်တာ..."

ရှစ်နှစ်ကြာပြီးနောက် သူက ကျွန်တော်တစ်ခါလုပ်ဖူးသည်ကို လုံးဝ မေ့သွားခဲ့ပြီး သာမန် အတန်းဖော်ဟောင်းတစ်ယောက်လို ဆက်ဆံနေ​၏။ ယဉ်ကျေးသော်လည်း နွေးထွေးမနေခဲ့ပေ။

ရန်ချင်းကျွမ်း​၏ အပြုအမူမျိူးနှင့်ဆို နည်းနည်းလေးပင် ပိုကောင်းမနေခဲ့။

" မင်းကြည့်ရတာ မကောင်းသလိုပဲ။ နေမကောင်းလို့လား ? " သူက လက်တွေကို ကုတ်အဖြူထဲထိုးထည့်၍ မေးခဲ့သည်။

" အသေးစား ပြဿနာလေးပါ။အအေးမိရုံ " ကျွန်တော် မသိလိုက်မသိဘာသာနှင့် အိတ်ကို တင်းတင်းဆုပ်ထားမိလျက်။

" အို့ မင်း..."

လင်းရှန့်က တစ်စုံတစ်ရာပြောတော့မည်အပြု သူ့အိတ်ထဲမှ ဖုန်းက မြည်လာ​၏။သူက တစ်ချက်ကြည့်ပြီးနောက်ချက်ချင်း ကောက်ကိုင်လိုက်သည်။

" အင်း....သိပြီ... ငါချက်ချင်းပြန်လာခဲ့မယ် "

ဖုန်းချပြီးသည်နှင့် သူက တောင်းပန်လိုဟန်ပြုံးပြလာကာ သူအလျင်လိုနေသဖြင့် အရင်သွားလိုက်ဖို့ လိုကြောင်းပြောပြလာသည်။ ထို့နောက် သူက ကျွန်တော့်ကို business card ထုတ်ပေးလာပြီး ကျွန်တော် ဆက်သွယ်လိုပါက သူ့ကို ဖုန်းခေါ်လို့ရကြောင်းပြောလာ​၏။

" ဖုစစ် ၊ မင်းငါနဲ့အခုပြန်လိုက်မလား ၊ ပြီးမှ မင်းဘာသာ ပြန်ခဲ့မလား ? " လင်းရှန့်က ဘေးကို လှည့်၍ ဝီးချဲလ်ပေါ်က လူကို မေးလိုက်သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now