" အရမ်းနောက်ကျသွားပြီ။ ဝိုင်ယာနှစ်ကြိုးဖြတ်လဲ ဗုံးက ရပ်မှာမဟုတ်တော့ဘူး။ မင်း လောင်းလဲ မနိုင်နိုင်ဘူး ၊ထွက်ပြေးတော့ ! "

ရန်ချင်းကျွမ်းက ကျွန်တော့်ကို မဖြေပေ။ သူက ခေါင်းငုံ့၍ တိုင်မာနှင့်ချိတ်ဆက်ထားသော ဝိုင်ယာကြိုးများကို လေ့လာရာတွင်သာ အာရုံစိုက်ထားလေသည်။ နားကြပ်ထဲတွင် ဘာတွေပြောနေသလဲ မသိ။သူက အကျဉ်းတန်သည့်အမူအရာနှင့်ဆွဲဖြုတ်ကာ နားမထောင်တော့ပေ။

" သူတို့က မင်းကို မြန်မြန်ထွက်လာစေချင်နေကြတာမလား ? "

အချိန်က အလွန်တိုတောင်းတာကြောင့် EOD သမားတွေလဲ မစွမ်းသာတော့ပေ။

ရန်ချင်းကျွမ်း ဒီမှာရှိနေခြင်းက အလကားသက်သက် သေဖို့သာ ရှိတော့​၏။

" ငါထွက်သွားမှာ မဟုတ်ဘူး။ "

သူက ဝိုင်ယာကြိုးများကို သေချာ စီစဉ်နေပြီး ဆုံးဖြတ်ချက်အား ခိုင်ခိုင်မာမာ ထုတ်ပြလာသည်။

သည်အခိုက်အတန့်ရောက်မှ ကျွန်တော်ဟာ ကျင်ချန်ယွီ​၏ ရက်စက်ယုတ်မာသော ရည်ရွယ်ချက်တွေကို သဘောပေါက်လိုက်ရသည် ; သူဟာ ယနေ့ အရာအားလုံးကို ပြတ်ပြတ်သားသား ကြံစည်ခဲ့ခြင်းဟာ နောက်ဆုံး နှစ်မိနစ်စာအတွက်ပဲဖြစ်သည်။

သူ့အတွက် ကျွန်တော်တို့ကို သတ်ဖို့က ပိုလွယ်မည်မှန်း မှန်သည်။ သို့သော် ဤသို့ညှဉ်းပန်းနှိပ်စက်ရတာထက်တော့ဘယ်လိုလုပ် ပိုကျေနပ်နိုင်စွမ်းမည်နည်း ?

ကျွန်တော်တို့တွေ အချင်းချင်း သေတာကို ကြည့်နေရပြီး ၊ တနင့်နင့်ခံစား၍ အသည်းတွေကွဲရင်း ဘာမှမလုပ်နိုင် ၊ ဘယ်သူ့ကိုမှလဲ မရှု့နိုင်မကယ်နိုင်ဖြစ်တာကို အလိုရှိခြင်းပေ။

ချွေးသီးချွေးပေါက်တွေက နားထင်မှ စီးကျလာ​၏။ တစ်မိနစ်သာကျန်တော့၍ အဒရီနလင်တွေလဲ အလုပ်မလုပ်တော့ချေပြီ။ကျွန်တော် စတင်စိတ်ပူလာရသည် :

" ငါပြောတာကို မင်းနားထောင် ၊ ငါပြောတာကို မင်းနားထောင်ပေး... ငါ့မှာ ဦးနှောက်အကျိတ်ရှိနေတယ်။ရောဂါက ကျွမ်းနေပြီ။ ကုလို့မရတော့လို့ ငါက မကြာခင် သေရတော့မှာ "

အတ္တစိတ် || ဘာသာပြန် ||『Completed』Tahanan ng mga kuwento. Tumuklas ngayon