အပိုင်း[၃၇]

5K 238 5
                                    

" မမကိုရွေးချယ်ပေးလို့ကျေးဇူးပါကလေးရယ်"

မမကကားမောင်းနေရင်းညာဘက်လက်တစ်ဖက်ဖြင့်အကြင်နာ့လက်ကလေးအားဆုပ်ကိုင်ရင်းဆိုလာသည်။

"အကြင်နာကသာကျေးဇူးတင်ရမှာပါ...မမကအကြင်နာ့ကိုချစ်ပေးလို့လေ...ပြီးတော့မမအဲ့လို့ပြောလိမ့်မယ်လို့ထင်မထားမိဘူး"

"အစကတော့မမလည်းပြောဖို့စိတ်ကူးမရှိပါဘူး...ဒါပေမဲ့ကလေးကိုအခြားသူတစ်ယောက်နဲ့ပြောနေတာကိုမမမှာစိတ်တိုလွန်းလို့ပြောမိသွားတာ...ဘာပဲဖြစ်ဖြစ်ပြောပြီးတော့လည်းတစ်ပူအေးသွားတာပေါ့"

"မမအိမ်ကရောသဘောတူပါ့မလားဟင်"
စိုးရိမ်တဲ့လေသံလေးနဲ့မေးလာတဲ့ကလေးကိုကားရပ်ပြီးသာထွေးပွေ့ထားလိုက်ချင်မိသည်။သို့ပေမဲ့လက်ကလေးကိုသာတင်းတင်းဆုပ်ကိုင်ပေးထားမိသည်။

"မမအိမ်က မမကိုမမအရင်ချစ်သူနဲ့တွဲတုန်းကတည်းကသဘောမတူဘူး...ဒါကိုမမအတိုက်အခံလုပ်ပြီးသားပါ..အိမ်ကမနိုင်တော့လို့လွှတ်ထားတာ...ဒါကြောင့်စိတ်မပူနဲ့နော်..ကလေးနဲ့သဘောမတူလည်းသူတို့ခွဲလို့မရပါဘူး"

အရာရာမမကကိုယ့်ဘက်မှာရှိနေတယ်ဆိုတဲ့အသိဟာဘာနဲ့မှနှိုင်းလို့မရအောင်ပျော်ရွှင်ရသည်။မမကိုလည်းစိတ်ထဲမှထပ်တလဲလဲကျေးဇူးတင်နေမိသည်။

"ဒါနဲ့ဟိုကောင်လေးနဲ့သဘောတူထားတယ်ဆိုတာဟုတ်သလား"

မေးမှမေးပါ့မလားလို့ထင်နေတာ မမကတကယ်မေးတာပဲ။

"အဲ့ဒါတော့သေချာမသိဘူးမမ...ဖေဖေက
အကြင်နာ့ကိုရည်းစားမထားဖို့တော့ခဏခဏပြောတယ်...နေရောင်နဲ့ကျဘယ်သွားသွားစိတ်ချတယ်လို့လည်းပြောတယ်..ဖေဖေပြောတဲ့ လက်ထပ်ပေးမယ်ဆိုတာဒီနေ့မှသိရတာပါ"

"အွန်းပါ..ဘာပဲဖြစ်ဖြစ်ကလေးကတော့မမကိုပဲလက်ထပ်ရမယ်နော်"

"ဟုတ်ကဲ့ပါ...မမလက်မထပ်လို့ဘယ်စူ့ကိုလက်ထပ်ရမလဲ"

****

ဒီနေ့မမနဲ့တွဲတာ၆လပင်ပြည့်ပြီ။အရင်လတွေတုန်းက မမကသူ့အလုပ်နဲ့သူမို့မအားတာနဲ့မdateဖြစ်ခဲ့။အမှတ်တရဖြစ်စေမဲ့အရာသိပ်မရှိခဲ့ဟုဆိုရမည်။ဒါကြောင့်ဒီနေ့တော့မမကိုအမှတ်တရဖြစ်စေမည့်လက်ဆောင်လှလှကလေးပေးဖို့ရည်ရွယ်ထားသည်။တန်ဖိုးမကြီးပေမဲ့ မမအတွက်သီးသန့်မို့ မမကျေနပ်‌မည်ထင်ပါသည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now