အပိုင်း[၂၇]

5.7K 305 24
                                    

Unicode

"ငါစောင့်ပေးရဦးမလား သုသု"

"ရတယ်မေ...ငါ့ဘာသာပဲစောင့်လိုက်မယ်..ဒါနဲ့ဒီအိမ်ဆိုတာသေချာပါတယ်နော်"

"နင်ပြောတဲ့ အညွှန်းအတိုင်းဆိုဖြစ်နိုင်ပါတယ်..မဟုတ်တောင် ဒီနားတစ်ဝိုက်ဆိုတာသေချာပါတယ်"

"အင်းပါ...ကျေးဇူးပဲနော်မေ"

"ရပါတယ်သုသုရယ်...ဒါနဲ့နင်တစ်ယောက်တည်းအဆင်ပြေရဲ့လား ..ငါကူစောင့်ပေးပါ့မယ်"

"ရတယ်မေ...ငါ သူနဲ့၂‌ယောက်တည်းပြောစရာတွေရှိလို့...ငါ့ဘာသာပဲစောင့်နေလိုက်တော့မယ်"

"ပြီးတာပါပဲ..ဒါဆိုငါသွားတော့မယ်..တစ်ခုခုအကူညီလိုလည်းဖုန်းဆက်လိုက်နော်..ငါ့အိမ်မှာလိုက်နေချင်လည်းရတယ်"

"ရတယ်မေ...ငါ သူ့အိမ်မှာပဲနေဖြစ်လောက်တယ်"

"အင်းပါ..အင်းပါ ဒါဆိုငါသွားပြီ"

သု ရန်ကုန်မှာရှိတဲ့သူငယ်ချင်းတစ်ယောက်ကို လိုက်ပို့ခိုင်းကာ ဒီနေရာသို့အရောက်လာခဲ့သည်။ ရည်ရွယ်ချက်ကတော့တစ်ခုတည်း။သူ့ဆီကအချစ်ကို အရပြန်ယူမည်။
ထိုသို့ကြုံးဝါးထားပေမဲ့ တစ်ဖက်လူက ကိုယ့်ကို မုန်းများမုန်းနေရင် ဆိုပြီးတွေးမိတော့ စိတ်မသက်သာရပြန်ပါ။

စောင့်နေတာ ၁နာရီလောက်ရှိပေမဲ့ ပေါ်မလာသေး။မျှော်နေသူက လည်ပင်းရှည်လှပြီ။

'မမကိုတွေ့ရင် အံ့ဩနေမလား...မမြင်ချင်ယောင်ဆောင်လိုက်လေမလား...ခပ်စိမ်းစိမ်းကြည့်နေမလား စိုးရိမ်မိတယ်ကလေးရယ်'

'မမကို အရင်လို အကြင်နာအပြည့်နဲ့မျက်ဝန်းလေးတွေနဲ့ပဲကြည့်ပေးပါကလေးရယ်..မမ မင်းဆီက စိမ်းကားမဲ့ အပြုအမူတွေဆို ရင်မဆိုင်ရဲ‌လောက်ဘူး...မမလေ မင်းကိုအရမ်းချစ်နေမိပြီ '

စိတ်ထဲကစကားတွေတော့ သူလေးကြားနိုင်မည်မဟုတ်။သို့သော် တစ်နေ့နေ့တော့ သူကြားနိုင်လောက်မည်ထင်သည်။

ခပ်ဝေးဝေးမှလှမ်းလာနေတဲ့ပုံရိပ်လေးကသုရဲ့ရင်ခုန်သံတွေကိုရုတ်ခြည်းမြန်ဆန်လာစေသည်။

အနက်ရောင်ထီးလေးကိုဆောင်းထားတဲ့ကောင်မလေးက သု မျှော်နေတဲ့ကောင်မလေးဆိုတာ သေချာ‌နေခဲ့သည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now