အပိုင်း[၂၅]

5.6K 296 6
                                    

Unicode

"လမ်းခွဲရအောင်..သု"

ကြားလိုက်ရတဲ့စကားကြောင့်  ခန္ဓာကိုယ်တစ်ခုလုံးတောင့်ခနဲဖြစ်သွား၏။မြန်ဆန်လာသောနှလုံးခုန်ခြင်းနှင့်အတူ ဒူးများပင်မခိုင်ချင်ဖြစ်လာသည်။

"မမ...နောက်နေတာမလား"

‌မေးသာမေးလိုက်ရပေမဲ့ မမဘက်မှနောက်နေခြင်းမဟုတ်မှန်းလည်းသိသည်။

"တို့ဘယ်တုန်းကများနောက်ဖူးလို့လဲ"

"ဘာလို့လဲမမ...ဘာလို့ လမ်းခွဲချင်ရတာလဲ"

"တို့အိမ်က မိန်းကလေးချင်းတွဲနေတာကိုသဘောမကျဘူးသု...ပြီးတော့ တို့သေချာစဉ်းစားကြည့်တော့ မင်းကိုမချစ်ခဲ့ဘူးထင်တယ်"

"သု အိမ်ကလည်းမိန်းကလေးချင်းတွဲတာကိုသဘောမကျခဲ့ပါဘူးမမရဲ့..ဒါပေမဲ့ အိမ်ကိုဆန့်ကျင်ပြီးမမကိုလက်တွဲခဲ့တာပဲလေ...မမကကျ"

"အဓိကအကြောင်းအရင်းကတော့ တို့ မင်းကို မချစ်ခဲ့ဘူးလို့ထင်တယ်...အဲ့ဒါကြောင့် ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး...ပြီးတော့ နောက်လထဲမှာ တို့ဆရာဝန်တစ်ယောက်နဲ့ စေ့စပ်ဖို့ရှိတယ်"

ကြားလိုက်ရတဲ့စကားတွေကကိုယ့်နားကိုယ်ပင်မယုံနိုင်စွာပါပဲလား။လမ်းခွဲစကားနဲ့တင်မလုံလောက်သေးဘဲ စေ့စပ်ဖို့တောင်လုပ်ထိအထိ မမဟာရက်စက်လွန်းခဲ့တယ်။အရာရာကိုမမတစ်ယောက်တည်းအတွက်သာကြည့်ခဲ့ပေမဲ့ မမကတော့ မချစ်ခဲ့ဘူးထင်တယ်ဆိုတဲ့စကားလေးတစ်ခုတည်းနဲ့ အရာရာကိုဖျက်ဆီးပစ်ရက်နိုင်ခဲ့တယ်။

"မမ အဲ့လောက်ထိမရက်စက်ပါနဲ့..သုမှာဘာအပြစ်ရှိလို့လဲဟင်...မမ မကြိုက်တာတွေပြင်ပါ့မယ်...မထားခဲ့ပါနဲ့နော်...အခြားတစ်ယောက်နဲ့လည်းလက်မထပ်လိုက်ပါနဲ့"

"အေးအေးဆေးဆေးပဲ အဆုံးသတ်ချင်တယ်သု "

"မမ မရှိရင်မဖြစ်လို့ပါ...မထားခဲ့ပါနဲ့မမရယ်..မမဟာအရာရာမို့ပါ"

"တို့ဆုံးဖြတ်ချက်ကို ပြင်ဖို့စိတ်ကူးမရှိဘူး..ကိုယ့်ဘဝနဲ့ကိုယ်နေကြရအောင်..တို့မချစ်တဲ့သူတစ်ယောက်နဲ့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now