အပိုင်း[ ၃]

5.7K 320 4
                                    

Unicode

အကြင်နာ အခုရက်ပိုင်းမမရှိရာအိမ်ဘက်သို့သိပ်မသွားဖြစ်တော့ပါ။မသွားရဲတာဆိုပိုမှန်လိမ့်မည် ။မမရဲ့ခပ်စိမ်းစိမ်းအပြုအမူတွေက အကြင်နာ့အားနေရခက်စေခဲ့ပါသည်။

ထိုတစ်‌နေ့ကပေါ့။
အဲ့ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်‌သောကြောင့်
အဒေါ်ဖြစ်သူနှင့်အတူအကြင်နာ
Ocean သို့သွားဖြစ်ခဲ့၏။
တိုက်ဆိုင်စွာနဲ့ပဲ အဲ့ဒီမှာမမနှင့်ဆုံခဲ့သည်။မမက သူ့သူငယ်ချင်းတွေနဲ့လာတာဟုတ်ဟန်မတူပါ။မမဘေးမှာ အကြင်နာသိတဲ့ မမလေပြေတို့မမသက်ထားတို့အားမတွေ့ရပါ။မမကိုမြင်မြင်ချင်း အကြင်နာဝမ်းသာသွားသည်။မမနဲ့အကြည့်ချင်းဆုံသဖြင့်မမအားပြုံးပြလိုက်သည်။
သို့သော် မမကအကြင်နာပြုံးပြကာမှမျက်နှာအားတစ်ဖက်လှည့်သွားကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။အကြင်နာ့စိတ်ထဲသိမ်ငယ်မိသည်။ ဝမ်းနည်းမိသည်။ထိုခံစားချက်ဟာ ပြောမပြတတ်အောင်ပါပဲ။ မမကသူ့ကိုမမြင်လို့များလားလို့ဖြည့်တွေးရအောင်လည်း မမနဲ့တောင်အကြည့်ချင်းဆုံလိုက်သေးတာပဲ။
မြင်ရက်သားနဲ့ တမင်ကိုမျက်နှာလွဲသွားခဲ့တယ်ဆိုတာ အကြင်နာအတပ်သိနေသည်။ထိုနေ့ကအကြင်နာဟန်မဆောင်နိုင်စွာနဲ့ အိမ်ပြန်ရော‌က်ရောက်ချင်း ငိုခဲ့ရသေးသည်။

***

"ညီမလေးဆုဆု အကြင်နာ‌ကအခုတလောအိမ်ဘက်မလာပြန်ဘူးနော်"

"ဟုတ်တယ် မမသက်ထား သမီးမေးတော့လည်း ဘာမှမဖြစ်ဘူး ပျင်းလို့ လို့ပြောတာပဲ"

"မမ‌တို့တော့ အဲ့ဒီကလေးလေးကိုမတွေ့ရတော့ပျင်းသလိုတောင်ဖြစ်နေပြီ နောက်ရက်ကျအိမ်လာခဲ့ဖို့ပြောလိုက်ပါဦး"

ဒီတစ်ခါဝင်ပြောလိုက်သူက လေပြေသာဖြစ်သည်။

"သု နေမကောင်းဘူးလား နင့်ကြည့်ရတာမရွှင်မလန်းနဲ့"

"ကောင်းပါတယ် ပန်းရယ် ငါစိတ်မကြည့်လို့ပါ"

"ဘာလဲ နင့်လူနဲ့ရန်ဖြစ်ထားလို့လား"

"မဟုတ်ပါဘူးဟာ"

"မဟုတ်လည်းပြီးတာပါပဲ"

ပန်းဟာ ခဏကြာမှပြောသင့်မပြောသင့်စဉ်းစားပြီးမှ စကားတစ်ချို့ကိုပြောလိုက်သည်။
"သု နင်အကြင်နာလေးကို မခင်ဘူးလား"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now