အပိုင်း[၁၈]

4.6K 260 4
                                    

Unicode

ထိုကောင်မလေးနှင့်ပတ်သက်ပြီးမေးရန်သင့်မသင့်ကိုစဉ်းစားနေမိသည်။စိတ်ထဲထင်နေမိသည့်အရာက သုရဲ့တစ်ဖက်သတ်အတွေးဖြစ်နေမှာလည်းစိုးမိ၏။အကယ်၍ ထင်သလိုများအမှန်တကယ်ဖြစ်နေခဲ့ရင်တော့ အချိန်မီတားဆီးရလိမ့်မည်။

"ညီမလေးဆု "

"ဪ..မမသု"

"ထိုင်မယ်နော်"

"ဟုတ် ထိုင်လေမမသု ..လာ ဒီဘက်တိုး"
ဆုဆု မမသုထိုင်ရန် ဘေးကပ်ပေးလိုက်၏။

"ပန်းကိုမေးတော့ညီမလေးဆုက ခြံထဲမှာဆိုလို့လိုက်လာတာ"

"ဟုတ် ..ဟိုလေမမသု..တစ်ခုခုပြောစရာများရှိလို့လားမသိဘူး"

"အဟင်း...ဆိုပါတော့"

"ဟုတ်..ဘာပြောစရာရှိလို့လဲဟင်"

ဆုဆုကထိုသို့မေးလိုက်တော့ သုဘက်ကခဏတိတ်ဆိတ်သွားကာ တစ်ခုခုကိုစဉ်းစားဟန်ပြုလိုက်၏။

"မမသုမေးတာကို မှန်မှန်ဖြေပေးနော်...ပြီးတော့ မမသုပြောတာကိုဘယ်သူ့ကိုမှပြန်မပြောရဘူး"

"ဟမ်"

"မမသု သိချင်တာအကြင်နာ့အကြောင်းပါ..
ညီမလေးဆု မမသုမွေးနေ့တုန်းက သူ့အကြောင်းမမသုကိုပြောချင်ခဲ့တာမလား. ဒါပေမဲ့မပြောဖြစ်လိုက်ဘူးလေ..အခုအဲ့ဒီညကမ‌ပြောဖြစ်လိုက်တဲ့အ‌ကြောင်းကိုသိချင်တာပါ"

ဆုဆုမှာအခက်တွေ့တော့၏။မမသုမွေးနေ့တုန်းကအမူးလွန်ပြီးအကြင်နာနဲ့ပတ်သက်တဲ့အကြောင်းတွေပြောဖို့လုပ်ခဲ့ကြောင်းကို နောက်ရက်မှမမပန်းပြန်ပြောမှသိခဲ့ရသည်။နောက်တစ်ခါလည်း ဒီလိုအဖြစ်မျိုးမလုပ်မိစေဖို့ အကြိမ်ကြိမ်သတိ‌ပေးတာကိုခံလိုက်ရသည်။တကယ်တော့အဲ့ဒီညက အသိစိတ်လွတ်သွား၍သာ ပြောဖို့ရည်ရွယ်မိခဲ့ခြင်းဖြစ်သည်။မမသုကယခုလိုတစ်ဖန်မေးလာ
လိမ့်မယ်လို့‌တော့တွေးမထားခဲ့ပါ။
အခုမှတော့မဖြေချင်တော့ပါ။ကာယကံရှင်အကြင်နာကိုယ်တိုင်မသိစေချင်သောကြောင့်ဆုဆုအားအကြိမ်ကြိမ်တောင်းဆိုခဲ့ခြင်းကိုလည်းသတိရမိသည်။

"အဲ့ဒီညက သမီးကမူးနေတာလေ ..ဘယ်မှတ်မိတော့ပါ့မလဲ မမသုရဲ့"
ဆုဆုကသုကိုမကြည့်ဘဲ ဟိုကြည့်သည်ကြည့်နှင့်ဖြေနေ၏။

ချစ်သော အကြင်နာ(Completed)Wo Geschichten leben. Entdecke jetzt