အပိုင်း[၃၀]

5.5K 298 20
                                    

Unicode

အချိန်ကည၂နာရီအတိ။အကြင်နာအတွေးပေါင်းများစွာကြောင့်အိပ်မပျော်သေး။

"အဟင့်ဟင့်...ဟင့်"

"ဘာဖြစ်လို့လဲဟင်မမ...ဘာဖြစ်လို့လဲ"

ငိုသံကြားလို့ကြည့်လိုက်တော့ ငုတ်တုတ်ထိုင်ကာ ငိုနေတဲ့မမ။

"မမ ဘာလို့ငိုတာလဲဟင်....ဘာအဆင်မပြေဖြစ်လို့လဲဟင် "

မမကအခုထိဘာမှမပြောသေးဘဲ အကြင်နာ့ကိုစိုက်ကြည့်နေသည်။ မမငိုနေတာ ကိုယ့်ကြောင့်များလားလို့တောင်ထင်မိသွားသည်။

"ခဏလေးကလေး...မမ အကြင်နာ့ကို ခဏလေးဖက်ထားပါရစေ"

"ဟုတ်ရပါတယ်"

အကြင်နာ့ကိုဖက်ထားတဲ့ မမကိုဖွဖွလေးပြန်ဖက်ထားလိုက်သည်။ဘယ်လိုအကြောင်းကြောင့်ငိုမယ်မသိပေမဲ့ မမစိတ်ကျေနပ်ရင်ပဲ ကျေနပ်ပါပြီ။အလိုက်မသိခုန်နေတဲ့နှလုံးသားကတော့အရင်အတိုင်းမပြောင်းလဲ။မမ မကြားပါစေနဲ့ဟုသာဆုတောင်းနေရသည်။

မမကအကြင်နာ့ကိုယ်လေးကိုခွာလိုက်ကာ

"မမအိပ်မက်ဆိုးမက်နေလို့ပါ"

"ဟုတ်လား...အရမ်းဆိုးသလားဟင်..ခဏနော် အကြင်နာရေမန်းသွားယူဦးမယ်"

ထရန်ပြင်နေသောအကြင်နာ့လက်ကိုမမကဆွဲထားသည်။
ပြီးနောက်ခေါင်းခါပြကာ

"ရေမန်းသောက်လည်း မပျောက်ပါဘူးအကြင်နာရယ်..."

"မမ"

"မမအဲ့ဒီအိပ်မက်ကိုခဏခဏမက်နေတာကြာပြီ...မက်တိုင်းလည်းအမြဲငိုနေရတယ်"

"မမဘယ်လိုအိပ်မက်မျိုးလဲဟင် ပြောပြလို့ရရင်"

"တို့ပြောလို့မရသေးလို့ပါ"

'မင်းအကြောင်းမက်နေတာပါကလေးရယ်...အိပ်မက်ထဲမှာ မင်းကမမကိုကျောခိုင်းပြီးအဝေးကိုသွားတယ်တဲ့...အပြင်မှာသာဆိုမမ ခံစားနိုင်မှာမဟုတ်ဘူး'

"မမ မပြောချင်မပြောနဲ့နော်...အိပ်မက်ဆိုတာစိတ်စွဲလမ်းလို့မက်တာလည်းရှိတတ်တာပဲလေ...မမအဲ့ဒီအကြောင်းအရာကိုစိတ်စွဲပြီးမက်နေတာဖြစ်လိမ့်မယ်..မမ ခေါင်းထဲကထုတ်လိုက်နော် ...တချို့အရာတွေက စိတ်ကခဏခဏတွေးနေရင်တကယ်ဖြစ်လာတတ်တယ်တဲ့...ဘာအကြောင်းအရာမှန်းအကြင်နာမသိပေမဲ့ အဲ့ဒါကိုထပ်မတွေးနဲ့နော် မမကို ထပ်မငိုစေချင်ဘူး"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now