အပိုင်း[၂]

6.7K 357 2
                                    

Unicode

အကြင်နာဒီနေ့လည်းမမပန်းတို့အိမ်ဘက်သို့သွားဖြစ်၏။ အကြောင်းမှာ မမကိုတွေ့ချင်လို့သာဖြစ်သည်။အိမ်ချင်းကလည်းတစ်အိမ်ခြားပဲဖြစ်လို့ နေ့တိုင်းနီးပါးသွားဖြစ်ခဲ့ပါသည်။

ဆုဆုကတောင်မေးနေသည်။အရင်ဒီလောက်မလာပါဘူးတဲ့...။ဟုတ်ပါရဲ့...။အကြင်နာကမမ‌ရှိမှန်းသိကတည်းကနေ့တိုင်းကိုသွားနေမိတာ။

အိမ်ထဲရောက်ရောက်ချင်းဟိုကြည့်ဒီကြည့်လိုက်ကြည့်နေမိသည်။ရှာနေသူကိုတော့မတွေ့သေးရပါ။

"ဆုဆုရေ ဆုဆု"

"လာပြီ လာပြီ"

"ငါပျင်းလို့နင်တို့အိမ်ဘက်လာတာ"

"ဒီရက်ပိုင်းတော်တော်ပျင်းပုံရတယ်နော် နေ့တိုင်းကိုလာနေတော့တာ"

"တကယ်ပျင်းလို့ပါ..
ဒါနဲ့မမပန်းတို့ရော မတွေ့ပါလား"

"အပြင်သွားကြတယ်"

"ဪ"

"လာ နင့်ကိုလက်ဖက်သုပ်ကျွေးမယ် ငါ့အခန်းထဲကနေစောင့်ချင်စောင့်နေ"

"ရတယ် ဒီမှာပဲထိုင်နေတော့မယ်"

ခဏကြတော့ဆုဆုကလက်ဖက်သုပ်ပန်းကန်နဲ့ရောက်လာသည်။

"ရော့ နင်ကြိုက်တဲ့လက်ဖက်"

ဆုဆုကအကြင်နာ့ရှေ့သို့လက်ဖက်ပန်ကန်ချပေး၏။အကြော်စေ့နိုင်နိုင်နဲ့ ပုဇွန်ခြောက်များကအကြင်နာ့စားချင်စိတ်ကိုနှိုးဆွနေသည်။ခရမ်းချဉ်သီးအနည်းငယ်ရယ်၊ ကြက်သွန်ဖြူအစိပ်ကလေးတွေရယ်ကြောင့်ပိုပြီးပြည့်စုံသွားသည်။

"ဆုဆု ငါနင့်ကိုမေးစရာရှိလို့"

"အင်းမေးလေ"

"ဟိုလေ မမ အကြောင်းသိချင်လို့"

"ဘယ်မမတုန်း "

"မမပန်သုကျော်"

"ဪ မမသုလား
သူ့အကြောင်းနင်ကဘာသိချင်တာတုန်း"

"သူ့အကြောင်းပါဆိုအကုန်ပေါ့ဟ"

"မစပ်စုဖူးနဲ့ စပ်စုနေပါလားအကြင်နာ"

"ဒီတိုင်း မမကို ခင်လို့ပါဟ ပြောပြစမ်းပါ"

အကြင်နာလက်ဖက်ပန်းကန်ကိုစားရင်ပြောလိုက်သည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now