အပိုင်း[၁၅]

4.8K 275 6
                                    

Unicode

စိတ်ထဲတွင် မမပြောသွားသောစကားကိုသာ အကြိမ်ကြိမ်တွေးနေမိသည်။အကြင်နာဆိုသောကောင်မလေးကသုကိုသဘောကျတယ်ဆိုတာကိုပဲ။ အချိန်ခပ်ကြာကြာအထိ သူ့အရှေ့ကကောင်မလေးအား အကဲခပ်ကြည့်နေမိသည်။ သုထိုကောင်မလေးအားစူးစူးစိုက်စိုက်ကြည့်မိတော့ ထိုကောင်မလေးက အကြည့်မခံ ခေါင်းငုံ့သွားသေးသည်။သုတကယ်ပဲ ထိုကောင်မလေးစိတ်ကိုသိချင်နေမိသည်။တကယ်လို့ မမပြောသလို သုကိုသူကသဘောကျ‌နေခဲ့ရင်တောင် သုထိုကောင်မလေးအတွက်စိတ်မကောင်းရုံကလွဲပြီးမတတ်နိုင်ပါ။

"မမသု ..."
ဆုဆုက မူးနေပြီးအာလေးလျှာလေးနှင့်ခေါ်‌နေသည်။

"ဟင် ..ညီမလေးဆု ‌ပြောလေ"

"သမီးသူငယ်ချင်းကိုဘယ်လိုမြင်လဲဟင်"

"ဘယ်သူ့ကိုလဲ ညီမလေးရဲ့"

"အကြင်နာ့ကိုလေ"

အကြင်နာ သူငယ်ချင်းဖြစ်သူအားကြည့်ရင်း စိတ်ထဲ လန့်မိသည်။ ဆုဆုစကားအသွားအလာအရ မူးမူးနှင့် မမအပေါ်ထားတဲ့ မိမိသဘောထားကိုပြောလိုက်မှာစိုးနေမိသည်။

"အကြင်နာ..ဟုတ်လား...သူကဘာဖြစ်လို့လဲ"
သုကတော့ သူသေချာသိချင်နေသောအဖြေကိုရလို့ရငြား စကားစလိုက်သည်။သု အကြင်နာဆိုသောကောင်မလေးအား တစ်လှည့် ဆုဆုအားတစ်လှည့်ကြည့်နေမိသည်။

အကြင်နာသူငယ်ချင်းဖြစ်သူအား အချိန်မီတားမှဖြစ်လိမ့်မည်။မဟုတ်က သူငယ်ချင်းကောင်းလေးက မူးမူးနှင့်အကုန်ဖော်တော့မည်။

"ဆုဆု ငါအိပ်ချင်ပြီ ..သွားအိပ်ရအောင်နော်"

"ဟင်..မအိပ်ချင်ပါဘူး..နင့်ဘာသာသွားအိပ်ပေါ့..ငါကမမသုနဲ့စကားပြောဦးမှာ"

"ငါတစ်ယောက်တည်းမအိပ်ရဲဘူးလေ..နင်လိုက်ခဲ့ပါနော်"

"အာ..မလိုက်ပါဘူး..ငါမမသုနဲ့စာရင်းရှင်းစရာရှိတယ်လို့"

"မင်းအိပ်ချင်သွားအိပ်လေ အကြင်နာ..ညီမလေးဆုကတို့နဲ့စကားပြောဦးမှာ"

အကြင်နာ သူငယ်ချင်းကို ကြည့်လိုက် မမကိုကြည့်လိုက်နှင့်မျက်နှာငယ်လေးဖြစ်နေရသည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now