အပိုင်း[၂၀]

6.5K 330 5
                                    

Unicode

တစ်ပတ်ဆိုသောအချိန်တစ်ခုတောင်ရှိသွားခဲ့ပြီ။
ထိုကောင်မလေး သုတို့ရှိရာသို့မလာ‌ခဲ့တော့။
ကိုယ့်ဘက်က ငြင်းလိုက်လို့ရှက်သွားတာကြောင့်ပဲလား၊ဒါမှမဟုတ် ကိုယ့်ကိုစိတ်နာသွားတာကြောင့်ပဲလားတော့မပြောတတ်ပါ။

အနက်‌ရောင်ထီးကောက်ကလေးကိုအမြဲဆောင်းတတ်ပြီး ချစ်စဖွယ်မျက်လုံးလေးများကိုပိုင်‌ဆိုင်ထားသောကောင်မလေးက ဖြူဖြူသေးသေးနှင့်အရုပ်ကလေးလိုပင်။လူချစ်လူခင်လည်းပေါသေးသည်။
သို့သော် အဲ့ဒီလူတွေထဲတွင် မိမိမပါခဲ့ပါ။
ထိုကောင်မလေးကိုမြင်တိုင်းကိုယ့်အတွက်တော့ စိတ်ရှုပ်ရစမြဲ။အခက်တွေ့ရစမြဲ။သူ့မျက်ဝန်းတွေကိုကြည့်မိတိုင်း အဆုံးမရှိတဲ့အိပ်မက်တွေကိုမြင်မက်ရစမြဲ။
အပြင်ဘက်မှာသာမကသေးဘဲအိပ်မက်တွေအထိပါ ယောင်ဝါးဝါးပုံရိပ်တို့ဖြင့် အတွေးတွေကိုရှုပ်ထွေးအောင်ပင်ဖန်တီးတတ်သော
အရှုပ်ထုပ်‌လေးဖြစ်သေးသည်။
ကိုယ်တိုင်ရက်ရက်စက်စက်တွန်းထုတ်ပစ်ခဲ့သော ကောင်မလေးအား အဲ့ဒီနေ့မှစပြီးတစ်ရက်မှ‌မေ့ဖျောက်၍ရခဲ့ပြန်ပါ။ပြောခဲ့မိတာတွေအတွက်နောင်တရနေသလားဆိုတော့လည်းမဟုတ်ပြန်။အားနားမိနေသလားဆိုတော့လည်းဟုတ်မနေခဲ့ပါ။သနားသလိုလို ဝမ်းနည်းသလိုလို လွမ်းသလိုလိုနှင့်‌အစိုးမရတဲ့ခံစားချက်တို့သာရှိနေသည်။

"တို့ရှိရာ မင်းတကယ်မလာတော့ဘူးပဲအကြင်နာ"

***

"ညီမလေး အကြင်နာလေးလည်းအိမ်ဘက်မလာတာကြာပြီနော်..အဲ့က‌လေးတစ်ခုခုများဖြစ်လို့လား"

"ဘာမှတော့မဖြစ်ဘူးထင်ပါတယ်..မနက်ကတောင်အတန်းထဲမှာသူ့ကို ဘာလို့အိမ်ဘက်မလာတာလဲဆိုပြီးမေးကြည့်တော့လည်း မအားလို့တဲ့ ပြီးတော့ပျင်းလို့တဲ့"

"တစ်ခုခုတော့ဖြစ်လို့နေမှာပါ...အရင်တုန်းက ဒီလောက်ထိမကြာဖူးတာကို"

"ဟုတ်တယ်မမ..သမီးလည်းမေးကြည့်တာပဲ..ဒါပေမဲ့ ဘာမှမပြောဘူး..သူ့ပုံကြည့်ရတာ မရွှင်မလန်းနဲ့ပါမမရယ် တစ်ခုခုတော့ဖြစ်ထားတာပါ"

"အဲ့ဒါဆိုလည်း သေချာလေးမေးဦးလေညီမလေးရယ်..အကြင်နာလေးကိုတစ်‌ယောက်
တည်းပစ်မထားနဲ့နော်"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now