အပိုင်း[၄၆]

6.3K 315 14
                                    

Unicode

အကြင်နာ အခုဆို မမနဲ့ဝေးရာကို ထွက်လာခဲ့ပြီ။
မခွဲချင်ပါဘဲ ခွဲခွာရတာ သိပ်ကိုခက်ခဲတာပဲ မမရယ်။

"နင်သေချာဆုံးဖြတ်ပြီးပြီလားအကြင်နာ"

"ဆုံးဖြတ်ပြီးပြီ"

"နင်သူ့ကိုတိုက်ရိုက်မေးသင့်တာ...သူ ဘာပြန်ဖြေမလဲ သိရတာပေါ့"

"ငါ မမကို အကျဉ်းအကြပ်မရိုက်စေချင်ဘူး...မမကိုမမေးတာကလည်း ငါ့ကိုသူအားနာနေမှာစိုးလို့ပါ...ပြီးတော့ မမကငါ့ကိုအားနာပြီးပြောထွက်မှာမဟုတ်ဘူး"

"ငါစိတ်အတိုင်းသာဆို သူ့ကိုသတ်မိမှာ...နင်ချစ်တဲ့သူဖြစ်နေလို့ ငါလွှတ်ပေးထား...နင့်ကို အကြိမ်ကြိမ်နာကျင်စေတဲ့ လူကိုတောင်နောက်ဆုံးအချိန်ထိ နင်တွေးပေးခဲ့တယ်နော်"

'ငါ့ကိုတော့ နင်ဒီလိုတစ်ခါမှတွေးမပေးခဲ့ဘူးမလား'
နောက်ထပ်တစ်ခွန်းကိုတော့စိတ်ထဲမှာပဲပြောဖြစ်ခဲ့ပါသည်။

"သွားရအောင်လေ"

"အင်း"

"ပစ္စည်းတွေအစုံပါရဲ့လား"

"အင်း..ပါပါတယ်"

အကြင်နာတို့ကားလေးက မမနဲ့ဝေးရာဆီမောင်းထွက်လာခဲ့ပြီ။

'ပျော်နေပေးပါမမရေ။
မမကိုစွန့်လွှတ်ခဲ့တယ်ဆိုတာ မမကိုစိတ်ချမ်းသာစေဖို့အတွက်ပါ။
ဒါ့ကြောင့်မို့ မမပျော်နေပေးပါ။
အကြင်နာ ခံစားနေရတယ်ဆိုရင်တောင် မမကပျော်နေမှဖြစ်မယ်နော်'

***

လွန်ခဲ့တဲ့တစ်လကျော်လောက်ကဖြစ်သည်။

"အကြင်နာ...နင်ငိုနေတာလား...ဘာဖြစ်လို့လဲ ..ငါ့ကိုပြော"

အကြင်နာမွန်းကြပ်လွန်းလို့ အိမ်မှာမမ
မရှိခိုက် အကြီးအကျယ်အော်ငိုခဲ့မိသည်။

အဲ့ဒီအချိန်မှာ တိုက်ဆိုင်စွာနဲ့နေရောင်ရောက်လာတုန်းနှင့်ဆုံသွားခဲ့သည်။

"ဟင့်..ဟင့်"

"ဘာလို့လဲ..အကြင်နာရယ်..နင်ငိုရင် ငါအရမ်းဝမ်းနည်းတယ်ဟာ...ဘာလို့လဲ...နင့်ရည်းစားနင့်ကို တစ်ခုခုလုပ်လို့လား"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now