အပိုင်း[၁၂]

5.9K 319 2
                                    

Unicode

"မမ "

"အင်း"

မမကဘာမှမပြောသေးဘဲ မိမိအားစိုက်ကြည့်နေသဖြင့်အနေရခက်လာ၏။
ဒါနဲ့ပဲ မိမိဘက်မှဦးစွာတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

"မမ တစ်ခုခုပြောစရာရှိလို့လား"

"မင်းခုနက ကလေးမလေးကိုဆူလိုက်တာ
တို့အစအဆုံးကြားလိုက်တယ်"

"ဟင်.."

ဒါဆိုရင်မမက အဲ့ဒီအချိန်ကတည်းကရောက်နေခဲ့တာပဲ။
အကြင်နာဆိုတဲ့ကောင်မလေးပြောတာတွေမမကြားသွားတယ်ဆိုတော့ မမကိုအားနာသည်။

"အရင်တစ်ခါ မင်းနဲ့အတူတူကော်ဖီဆိုင်မှာတွေ့ဖူးတဲ့ကောင်မလေးမလား"

"ဟုတ်တယ်မမ"

မမကအဲ့ဒီကောင်မလေးကိုမှတ်မိနေခဲ့တာပဲ။ဘာပဲဖြစ်ဖြစ် စိတ်ထဲကျေနပ်မိသည်။
မမက ကိုယ်နဲ့ပတ်သက်ပြီး စိတ်ထဲရှိနေပေးသည်မဟုတ်လား ။
မမဘက်က ကိုယ့်အပေါ်အာရုံစိုက်တယ်ဆိုတာ ရှားပါးလွန်းလို့လားတော့မပြောတတ်။မမဆီက အခုလိုမျိုးအရေးတယူရှိတာလေးကိုပင် ကျေနပ်လို့မဆုံးပါ။

"အဲ့ဒီကောင်မလေးကြည့်ရတာ မင်းအပေါ်ရိုးသားပုံမပေါ်ဘူး။ တို့ ပြောတာဟုတ်သလား"

"ရှင်"

မမကဘာကိုပြောချင်မှန်း တကယ်မသိ‌ပါ။

"သူကမင်းကိုစိတ်ဝင်စားနေတဲ့ပုံပဲ"

"ဟာ..မမကလည်းမဟုတ်တာကို"

သုကရယ်ရင်းပြန်ဖြေလိုက်သည်။သို့သော်မမကိုကြည့်လိုက်တော့ မိမိကိုမျက်တောင်မခတ်ဘဲ မမှိတ်မသုန်ကြည့်နေသည်။

"ဘေးကလူတောင်ရိပ်မိနေတာကို မင်းကမရိပ်မိဘူးဆိုတော့ ဒါဖြစ်နိုင်ပါ့မလား"

"ဟမ်"

"တမင်မသိချင်ယောင်ဆောင်ထားတာလား အဲ့ဒီကလေးမကို"

ဆက်တိုက်မေးလာတဲ့မေးခွန်းတွေကြား အခုထိယောင်ချာချာရှိနေသေးသည်။

မမပြောသလိုအဲ့ဒီကောင်မလေးက မိမိကိုစိတ်ဝင်စားနေခဲ့တယ်ဆိုရင်တောင် သု
တကယ်မသိခဲ့တာအမှန်ပါ။
တစ်ခါမှတောင်တွေးမကြည့်မိဖူးခဲ့။အာရုံမထားမိခဲ့တာဖြစ်ကောင်းဖြစ်နိုင်သည်။
အခုမမပြောတာကိုတွေးကြည့်မိပြန်တော့ တကယ်ပဲမရိုးသားဘူးလားဟုထင်မိပြန်သည်။
တကယ်ပဲအဲ့ဒီကောင်မလေးရဲ့အပြုအမူ‌တွေဟာ မိမိအပေါ်မှာအခြားသူများထက်ကိုပိုပြီး သိသာလွန်းသည်။
မိမိကိုသူစိတ်ဝင်စား‌နေတယ်ဆိုရင်တောင်,မိမိဘက်ကတော့နည်းနည်းလေးမှစိတ်မဝင်စားပါ။
ကိုယ်ချစ်တာမမပဲလေ။အဲ့ဒီကလေးမကိုစိတ်ဝင်စားဖို့ဆိုဝေးစွ။ နည်းနည်းလေးမှကြည့်မရပါ။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now