အပိုင်း[၂၆]

6K 289 9
                                    

Unicode

"ငါ အကြင်နာကိုချစ်တယ်လို့"

"ဘယ်လိုရယ် သု...နင်ကအကြင်နာ့ကို"

ပန်း၏အံ့ဩဟန်အမေးအား သုခေါင်းညိတ်အဖြေပေးလိုက်သည်။

"ငါ သဘောမတူဘူးသု"
မျက်နှာပျက်စွာနှင့်ပြောလာသောစကားကြောင့်သုရင်ထဲထိတ်ခနဲဖြစ်သွားရသည်။

"ဘာလို့လဲ ပန်းရဲ့"

"နင်ကလေးကိုလှည့်စားမယ်မကြံနဲ့နော်သု...အကြင်နာကငါ့ညီမအရင်းမဟုတ်ပေမဲ့ ငါ့ညီမလေးတစ်ယောက်လိုချစ်ရတဲ့ကလေး..နင့်ရဲ့အသည်းကွဲတဲ့ဒဏ်ရာကို အကြင်နာနဲ့ဖြေဖျောက်ဖို့လုံးဝမတွေးနဲ့"

ပန်းဒီစကားများကိုအတည်ပြောနေခြင်းဖြစ်သည်။ ညီမလေးတစ်ယောက်လိုချစ်ရတဲ့အကြင်နာအားနောက်ထပ်မထိခိုက်စေလိုသောစိတ်ရင်းအမှန်ဖြစ်သည်။ဒီကလေးလေး  သုကြောင့်ပင်ပန်းရပေါင်းများခဲ့ပြီ။

"ဘာလဲ ပန်း...ငါက အကြင်နာ့ကိုအပျော်တွဲမယ်လို့နင်ထင်နေတာလား"

"နင်ကအပျော်တွဲချင်တယ်ဆိုရင်တောင် ရဖို့မသေချာတော့ဘူး...အကြင်နာ့မှာချစ်သူတွေရှိချင်ရှိနေမှာလေ...ဟိုကအခုဆို နင့်ကို ကြိုက်ချင်မှကြိုက်တော့မှာ"

ထိုသို့ပြောမှတော်ရာကျမယ်လို့ ထင်သည်။
ထိုကလေးကို ဘယ်လောက်အထိမုန်းကြောင်းပန်းတို့တစ်ဖွဲ့လုံးသိခဲ့သည်ပဲမဟုတ်လား။အခုမှထိုကလေးကိုချစ်ကြောင်းပြောနေသည်မှာဘယ်လိုမှယုံနိုင်စရာမရှိပါ။

"‌နင်ဒီလိုစကားတွေနဲ့တော့ အဲ့ဒီကလေးအပေါ်ထားတဲ့ငါ့မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ပါနဲ့...နင်သိလား ငါလေ သူ့ကို ၅နှစ်လုံးလုံးသတိရနေခဲ့တာ...မမငါ့ကိုလမ်းခွဲသွားတာ၄နှစ်ရှိပေမဲ့ အဲ့ဒီ၄နှစ်အတွင်းမှာ မမကိုသတိရ ရမဲ့အစား အဲ့ဒီကလေးကိုသတိရနေခဲ့တာ... ငါသူ့အ‌ပေါ်ပြောဆို ဆက်ဆံခဲ့မိတာတွေအတွက်နောင်တရနေခဲ့တာပါ..နင် ငါပြောတာကို မယုံဘူးဆိုတာ ငါသိတယ်..နင်မယုံနိုင်တာကိုလည်းလက်ခံတယ်...ဒါပေမဲ့ဟာ ငါအဲ့ဒီကလေးကိုတကယ်ချစ်သွားတာပါ...ငါ့ကိုယ်ငါတောင် လက်မခံနိုင်ဖြစ်လို့ အကြိမ်ကြိမ်ဆန်းစစ်ခဲ့တာ..ငါ‌အခုချိန်မှာ အတမ်းတဆုံးကသူပဲ ငါချစ်တာကလည်းသူပဲ"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now