အပိုင်း[၂၉]

5.5K 280 2
                                    

Unicode

"မမ ထမင်းစားတော့မလား"

"အွန်း စားမယ်လေ မမတော့ဆာနေပြီ"

"ဟုတ် ဒါဆို အကြင်နာ ထမင်းခူးထားလိုက်တော့မယ်နော်"

ဒီနေ့မမအကြိုက် ဝက်သားကိုအသားများများအဆီနည်းနည်းနဲ့အာလူး‌ရော၍ချက်ထားသည်။မမ အကြိုက်ကို ဆုဆုတစ်ခါပြောဖူးသည်။ထိုအချိန်ကတည်းက အကြင်နာမှတ်ထားခဲ့ဖူးသည် ။

"မမ များများစားနော် မမဖို့ချည်းပဲချက်ထားတာ အကုန်လုံးက"

"ဟော ...မင်းက မစားဘူးလားဒါဆို"

"ဟီး..စားမှာပေါ့..မမကိုအားမနာရအောင်ပြောတာလေ..ဒါပေမဲ့ မမအကုန်စားလည်းရပါတယ်"

"မင်းကတော့လေ စကားပြော အရမ်းတတ်တာပဲ.."

အကြင်နာ မမပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးလိုက်ပြီး

"မမ များများစားနော် အကြင်နာက ဝက်သားမစားဘူး..ဒါတွေအကုန်လုံးက မမဖို့ချက်ထားတာ"

ထိုအခါ မမက အံ့ဩဟန်လေးနဲ့

"မင်းကဝက်သားမစားဘူးလား...တို့ကစားတယ်ထင်နေတာ"

အကြင်နာ အသားငါးထက် အသီးအရွက်များကို ပိုကြိုက်သည်။တစ်ခါတ‌ရံဆို ဟင်း၄မျိုးချက်လျှင် ၄မျိုးလုံး အရွက်ချည်းချက်မိတဲ့ နေများပင်ရှိသည်။ဒါ‌ပေမဲ့မမရောက်လာပြီးကတည်းက အသားဟင်း ပါအောင်အမြဲချက်ဖြစ်သည်။

အခုလည်းအကြင်နာပန်းကန်ထဲသို့ မုန်ညင်းရွက်ကြော်များကို များများထည့်ကာစားလိုက်သည်။

"ကလေးရယ် အရွက်‌တွေချည်းစားနေရသလား...မင်းပုစွန်တော့စားတယ်မလား"

သု အကြင်နာပန်းကန်ထဲ ပုစွန်များထည့်ခါနီးမှ စားမစားမသေချာမည်စိုးကာ မေးလိုက်သည်။

"ဟုတ် စားတယ်မမ"

"ကြည့်ပါဦး လူလေးကလည်း ပိန်လိုက်တာ..ထမင်းလည်း များများစားဦး ကြောင်စာတောင်မင်းပန်းကန်ထဲကထမင်းထက်များလိမ့်ဦးမယ်"

"စားပါတယ်မမရဲ့"

"အကြင်နာ"

"ရှင်"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now