အပိုင်း[၉]

5K 286 0
                                    

Unicode

နောက်တစ်နေ့မနက်မိုးလင်းတော့ထင်ထားခဲ့တဲ့အတိုင်း သုဖျားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမီးခဲပမာချစ်ချစ်တောက်ပူနေတော့၏။ပါးစပ်မှလည်း'တဟင်းဟင်း'နှင့်ငြီးငြူနေရသည်။

ပုံမှန်ထနေကျအချိန်တွင်မတွေ့ရသောသုကြောင့် လေပြေက သုအခန်းထဲသို့ဝင်လာ
ကြည့်သည်။သု၏ငြီးသံကြား၍ဖျားနေမှန်းသိသွားကာ

"သု...သု နေမကောင်းဖြစ်နေတာလား"
လေပြေ၏လက်တစ်ဖက်သည်သု၏နှဖူးပေါ်ရောက်ရှိသွားကာ ပူချစ်ချစ်အထိအတွေ့ကိုရလိုက်သည်။

"ကိုယ်တွေတအားပူနေတာပဲ သုရယ်...ခဏနော် ..ငါသူတို့ကိုသွားပြောလိုက်ဦးမယ်"

သုကတော့ခေါင်းသာညိတ်ရုံလေးညိတ်ပြနိုင်ခဲ့သည်။

"ပန်းရယ် သုတော့ ဖျားနေပြီဟ...ကိုယ်တွေလည်းတော်တော်ပူနေတာ"

လေပြေစကားကြောင့်ကြက်သွန်လှီးနေတဲ့ပန်းမှ

"ဒါဆိုဆရာဝန်‌ပင့်မှရမယ်..လေပြေ နင်ဆရာဝန်ခေါ်ထားလိုက်..ပြီးရင်သူ့ရည်းစားဆီဖုန်းဆက်လိုက်ငါသွားကြည့်လိုက်ဦးမယ်...သက်ထားရော ဘယ်မှာလဲ"

"ခြံထဲဖြစ်မယ်"

ပန်း ခြံထဲလိုက်သွားတော့သက်ထားအားတွေ့သွားသည်။

"သက်ထား"

"အေး ..ပန်း ဘာလဲ"

"သု‌ဖျားနေပြီတဲ့ဟ..."

"ဟုတ်လား..မနေ့ကတည်းကထင်သား..ဖျား‌
တော့မယ်လို့"

"အေး..အဲ့ဒါ ငါသူ့ဖို့ဆန်ပြုတ်တို့ဘာတို့လုပ်မလို့ အဲ့နင်က သူနဲ့အခန်းထဲခဏနေပေးလိုက်ဦး...အပူကျအောင်လည်း နဖူးကိုအဝတ်ကပ်ပေးလိုက်ပါဦး"

"အေးအေး...ဆရာဝန်ခေါ်ထားလား ဒါမှမဟုတ် သူ့မမကိုခေါ်ထားလား"

သက်ထား၏အမေးအားပန်းကစိတ်ပျက်ပုံဖြင့်သက်ပြင်းချကာ

"ဆရာဝန်ကပိုသေချာပါတယ် ..သူမမကို
တော့ဆရာဝန်ခေါ်ပြီး နောက်မှခေါ်ခိုင်းထားတယ်..ကဲပါ အခုတော့သုဆီသွားလိုက်ပါဦး တစ်ယောက်တည်းဖြစ်နေလို့"

"အေးအေး"

သက်ထားကရေစိုဝတ်အားညှစ်ကာသု၏နှဖူးပေါ်တင်ပေးထားသည်။သုကတော့ သိပ်မလှုပ်ချင်။မလှုပ်နိုင်၍ လှဲလျက်နှင့်သာမျက်လုံးများမှိတ်ထားသည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now