အပိုင်း[၁]

19.9K 498 10
                                    

Unicode

ယနေ့၏ရာသီဥတုသည်အရင်ရက်တွေကထက်ပိုသာယာနေ၏။အမှန်တကယ်သာယာတာလည်းဖြစ်ချင်ဖြစ်မည်။စိတ်ကထင်နေတာလည်းဖြစ်ချင်ဖြစ်လိမ့်မည်။သေချာတာကတော့သာယာနေသည်မှာ အမှန်ပဲဖြစ်၏။
ကျုံးဘေးသို့ လမ်း‌လျှောက်ရန်ထွက်လာခဲ့ခြင်းမှာမှန်သလိုဖြစ်သွား၏။အကြင်နာတစ်ယောက်တည်းထွက်လာခဲ့ရာအဖော်ဆိုလို့‌ထီး‌ကောက်လေးတစ်ချောင်းနှင့်
ကင်မရာလေးတစ်လုံးသာပါခဲ့၏။

နေဝင်ဆည်းဆာအလှနှင့်အတူ မန္တလေးကျုံးကြီးဟာ လွန်စွာမှ လှပထည်ဝါနေတော့၏။ဤကဲ့သို့လှပလျက်ရှိသောသဘာဝပန်းချီကားချပ်အား အကြင်နာအမိအရပင်မှတ်တမ်းတင်ရိုက်ယူထားလိုက်၏။ပတ်ပတ်လည်သို့ ကင်မရာဖြင့်ချိန်ဆကြည့်မိရာ ယခုနလေးတင် စိတ်ထဲလှသည်ဟုတွေးနေသောသဘာဝပန်းချီးကားထက်ပင် ပို၍လှသောအလှတရားတစ်ခုအား အကြင်နာ
တွေ့ခွင့်ရလိုက်သည်။

ထိုလှပပြီးနှစ်လိုဖွယ်အရာလေးဟာ
အကြင်နာ့နှလုံးသားထဲတွင် ထိုအချိန်ကတည်းကတစ်သက်စာနေရာယူသွားခဲ့တော့သည်။
ဒါပေမဲ့ ထိုအရာဟာ လှပသလောက်မိမိအပေါ် မည်မျှရက်စက်ကြောင်းကိုတော့ ထိုအချိန်က မသိခဲ့ရပါ။

"လှလိုက်တာ"

ပါးစပ်မှ ကိုယ်တိုင်ပင်မသိလိုက်ခင်မှာထွက်ကျလာသော စကားလေးတစ်ခွန်း။ထိုစကားမှာ ချီးမွှမ်းခြင်းတွေပါနေသည်။နှစ်လိုခြင်းတွေပါနေသည်။

"ချလပ်"
ထိုအရာအား ကင်မရာ‌လေးထဲတွင် အမိအရသိမ်းဆည်းထားလိုက်မိသည်။ဒါတင်ပဲလားဆိုတော့လည်းမဟုတ်သေးပါ။
အကြင်နာ၏နှလုံးသားထဲမှာပင် သိမ်းဆည်းမိခဲ့သည်။

ခွင့်ပြုချက်မတောင်းမိပါဘဲနှင့် ကိုယ်တိုင်မသိစိတ်နှင့်သိစိတ်ရဲ့တိုက်တွန်းချက်အရ ထိုပုံလေးအား ရိုက်ယူမိခဲ့သည်။ ပုံထဲကထိုသူသာသိခဲ့ရင်  စိတ်ဆိုးနေခဲ့လိမ့်မလားမသိပါ။

ဖြစ်နိုင်မယ်ဆိုလျှင် နောက်ထပ်နောက်ထပ်တွေ့ဆုံခွင့်ပေးရန်ကံကြမ္မာကိုသာဆုတောင်းမိသည်။ထို ဆုတေားင်းများပြည့်ခဲ့ပါသည်။သို့သော်..

*****
အကြင်နာတို့သူငယ်ချင်းတစ်စု ကန်ဘောင်မှာ ထိုင်ကြရင်း တစ်ယောက်တစ်ပေါက် စကားများဖြင့်ဖောင်ဖွဲ့ကာ ပွဲကျနေကြသည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now