နဂိုကတည်းက သူဟာ တံတားအပိုင်းအများစုကို ဖြတ်လျှောက်ခဲ့နှင့်ပြီးဖြစ်သည်။ မထင်မှတ်သော မတော်တဆဆိုတာမျိုးမရှိတော့လျှင် ဆယ်ရက်ခွဲလောက်မှာ အနှီခနော်ခနဲ့ တံတားပေါ်ကနေ သူ လုံးဝ ထွက်သွားနိုင်လိမ့်မည်ဟု ကျွန်တော်ခန့်မှန်းမိပါ​​၏။ရလဒ်ကတော့ ထိုအခိုက်အတန့်မှာပဲ ကျောက်ယောင်ကျင်း*က ထွက်ပေါ်လာကာ သူ့ကို တံတားထိပ်မှ ပိတ်လိုက်၍ တံတားအလယ်သို့ ပြန်လည်ကန်ထုတ်လိုက်ခြင်းပင်။

( ကျောက်ဖုန်းကိုပြောချင်တာပါ။ ရုတ်တရက်ပေါ်လာပြီး အစီအစဉ်တွေကို နှောင့်ယှက်လိုက်တယ်လို့ဆိုလိုပါတယ် )

အန္တရာယ်များသော တံတားက ထပ်မံပြဿနာလာတက်စေခဲ့​၏။

ကျွန်တော်က သူ့ကိုကျော်ပြီး ဘာကြောင့်များ ကျောက်ဖုန်းကို ရွေးရမှာလဲ ? ကျွန်တော့်စိတ်ထဲမှာ ကျောက်ဖုန်းက သူ့ထက်အရေးကြီးလား ?

အနှီပြဿနာများသည် လွန်ခဲ့သောရှစ်နှစ်က ပူပန်စရာများမှ ပေါက်ဖွားလာခဲ့ပြီး လက်ကျန် ထင်ယောင်ထင်မှားတွေမှလဲဖြစ်ပေါ်လာတာပင်။

ကျောက်ဖုန်းနှင့် ရန်ချင်းကျွမ်းကြားမှာ ယှဉ်စရာရှိနေလို့လား ?

ကျွန်တော်က ကျောက်ဖုန်းနှင့်ပြဿနာမရှိသလို သူ့ကိုလည်း အရမ်းလေးစား​၏။ သို့သော် ဒါက သူနှင့်ရန်ချင်းကျွမ်းကြားမှာ တကယ်ယှဉ်စရာမဟုတ်ပါချေ။

ဒါပေမယ့်လဲ ကျွန်တော် ဒီတိုင်း ဝန်ခံလိုက်လို့ဖြစ်ပါ့မလား ?

မဖြစ်ဘူး။ သေချာပေါက် မဖြစ်ပါချေ။

ထို့ကြောင့် တံခါးလက်ကိုင်ကို ကိုင်ထားရင်း ကျွန်တော် ရန်ချင်းကျွမ်းကို ကျောပေးလျက်ပြောလိုက်သည်။

" မင်းနဲ့ သူနှစ်ယောက်လုံးက ငါ့သူငယ်ချင်းတွေလေ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုအရေးမကြီးဘူး။ ငါ့စိတ်ထဲမှာ မင်းတို့က အတူတူပဲ "

တစ်ဖန် တိတ်ဆိတ်သွားလျက်။

" သူနဲ့ ငါက အတူတူပဲ......."

ရန်ချင်းကျွမ်းဟာ ရယ်စရာတွေ့သွားသလို ရေရွတ်ရင်း နှာမှုတ်လိုက်ပေမယ့် ကျွန်တော်က သူ့နှင့်ကျောက်ဖုန်းကို ယှဉ်လျက်ထားလိုက်ခြင်းအား လက်မခံနိုင်သည့် ပုံစံပေါက်​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Tahanan ng mga kuwento. Tumuklas ngayon