ကျွန်တော် သူ့လက်ကို လှမ်းကိုင်၍ တသျှူးကိုယူကာ ကို့ရို့ကားယားထရပ်ပြီး ပြောမိသည် : " ငါ သွား.... ငါ သန့်စင်ခန်းသွားပြီးလုပ်လိုက်မယ် "

ကံကောင်းစွာနှင့် ကျွန်တော် ယနေ့ အရောင်ဖျော့သည့် ဘောင်းဘီမဝတ်ခဲ့တာကြောင့် ခွကြားစိုနေလျှင်တောင် အရမ်းကြီးမမြင်ရပေ။

သန့်စင်ခန်းထဲမှာ အချိန်အတော်ကြာသုတ်ပစ်ပြီး ၊ ရေတွေအားလုံးစုပ်ယူပစ်ပြီးမှ ကျွန်တော် ဖုန်းထဲကနေ ရန်ချင်းကျွမ်း​၏ textမက်ဆေ့ချ်ကို လက်ခံရခဲ့သည်။ အပြင်ဘက် အပေါက်ဝမှ ကျွန်တော့်ကို စောင့်နေမည်ဟု ပြောထားတာပင်။

တောအုပ်ထဲရှိ သဘာဝပေါက်ပင်များက ထူထပ်ကာ လေလဲ လတ်ဆတ်​၏။ ထင်းရှုးပင်အမြင့်ကြီးတွေက မိုးကောင်းကင်အထိ ထောင်တက်နေပြီး နားထဲတွင်လည်း ငှက်များ​၏ကျီကျီကျာကျာသံတွေအပြည့်။

သေနတ်ပစ်ကွင်းမှ ထွက်လာသည်နှင့် ကျွန်တော် သက်ပြင်းနှစ်ချက်ရှိုက်လိုက်ကာ လက်ဖြန့်၍ တောင့်တင်းနေသော ပုခုံးနှင့်လည်ပင်းကို အကြောဆန့်လိုက်​၏။

ရန်ချင်းကျွမ်းက ပုံမှန်အတိုင်း စီးကရက်ခဲလျက်သားနှင့် ကားပါကင်​၏ ညာဘက်အဝင်ဝရှိ အမှိုက်ပုံးဘေး မလှမ်းမကမ်းတွင်ရပ်နေခဲ့သည်။ သူက ကျွန်တော်ထွက်လာတာကိုမြင်၍ အချင်းချင်းကြည့်မိလိုက်ပြီး သူက ပါကင်နေရာသို့ ခပ်ကျဲကျဲလျှောက်သွားတော့သည်။

ကျွန်တော် သူ့နောက်မှ လျှောက်သွားလိုက်ပြီး နောက်ဆုံး လူနှစ်ယောက်ဟာ ကားဘေးမှာ ဆုံလိုက်ရ​၏။ သူက စီးကရက်ကို ခဲလျက် ကား​၏ နောက်ဖုံးကိုဖွင့်ကာ အောက်မှ ဖွက်ထားသောနေရာကို ပြသရန် ကားခန်းဖျာကို မ,ပြလာသည်။

ကျွန်တော် အသက်တစ်ချက်ခိုးရှိုက်မိလျက်။ နဂိုက အပိုတာယာထည့်ဖို့နေရာက သေနတ်များ၊ ဓားမြောင်များနှင့်လက်လွှဲတုတ်များပါဝင်သော လက်နက်ခဲယမ်းတိုက်ငယ်သဖွယ် ပြောင်းလဲသွားလေသည်။

" စစ်တပ်သုံး လှံစွပ်(ဓားမြှောင်) ၊ နှစ်ဖက်လုံး သွေးမြောင်း(Fuller) ပါပြီး အသားနဲ့အရေပြားကို လွယ်လွယ်လေး ဖြတ်ပစ်လို့ရတယ်။ လက်ကိုင်က လူရဲ့ဦးခွံကိုရိုက်ချိုးလို့ရတယ် " ရန်ချင်းကျွမ်းက အနက်ရောင်ဓားမြှောင်တစ်လက်ကို ထုတ်ကာခေါက်တုံ့ခေါက်ပြန်လှန်လှောရင်း ကျွန်တော့်အား မိတ်ဆက်ပေးလာ​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now