အခန်း ၁၅၈

Start from the beginning
                                    

ကျန်းလော့သည် သူ့ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ရေချိုးခန်းတံခါးဖွင့်၍ အထဲမှာ ဘာမှမရှိတာ သေချာမှ ဝင်သွားသည်။ ရေချိုးခန်းထဲမှ ရေပန်းသည် ရေအားအလွန်ကောင်းပြီး အခန်းကျဉ်းလေးထဲတွင် အောက်ဆီဂျင်သည် အလွန်နည်းပါးသည်။ မှန်ကို ရေငွေ့ရိုက်နေကာ မှုန်ဝါးဝါးဖြစ်နေသည်။

သူ့ခြေဖဝါးများသည် စိုစွတ်နေပြီး လေထုထဲတွင် ဈေးပေါသော ခေါင်းလျှော်ရည်နံ့ကို ရလိုက်ကာ ဟိုတယ်မှပေးသော ရေချိုးခန်းသုံး ပစ္စည်းများဖြစ်ကြောင်း သိလိုက်ရသည်။ ကျန်းလော့သည် ပိုင်ယဲ့ဖုန်း၏ ဖုန်းနှင့် သူ့ကိုယ်ပိုင်ဖုန်းကို ယူလာသည်။

ထို့နောက် ပိုင်ယဲ့ဖုန်း၏ ဖုန်းဖြင့် သီချင်းဖွင့်လိုက်ကာ သူ့ဖုန်းကိုဖွင့်၍ အဖွဲ့စကားပြောခန်းကို ဖွင့်လိုက်သည်။ သူတို့ ပိုင်ဟွားတက္ကသိုလ် စကားပြောခန်းတွင် လူအနည်းငယ်လောက် စကားပြောနေကြသည်။ ကျန်းလော့သည် သူမကြည့်ရသေးသော မက်ဆေ့ချ်များကို ကြည့်၍ စကားပြောခန်းကို အပေါ်သို့ဆွဲကြည့်လိုက်သည်။ ပထမဆုံး စကားပြောထားသူမှာ ကျိုးကျုံးချိုးဖြစ်ပြီး သူမသည် အံ့ဩတကြီးရေးပြီး ပို့ထားသည်။

ငါတို့ အဖွဲ့ကို အိပ်မက်မက်မယ်လို့ တစ်ခါမှ ထင်မထားဘူး အားလုံးပဲ အရမ်းချစ်တယ်နော်]

ရေထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုပင် ကျန်လူများသည်လည်း အလောတကြီး ပြောလာကြသည်။

[အိပ်မက်မက်နေတာလား ငါလည်း အိပ်မက်မက်နေတာလား ဒါကြီးက အရမ်း စစ်မှန်လွန်းနေတယ်ကွာ ငါကော်ဖီစားပွဲပေါ်မှာ အခွံခွာထားတဲ့ လိမ္မော်သီးတွေတောင် အခုထိရှိနေတုန်းပဲကွ ငါဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားရတာလဲ ]

[ မင်းတို့ အားလုံး အိပ်မက်မက်နေကြတာလား တိုက်ဆိုင်လိုက်တာ ငါလည်း အိပ်မက်မက်နေတာပဲ...............]

ကျန်းလော့ မက်ဆေ့ချ်များကို အကုန်ဖတ်ပြီးသွားသောအခါ မက်ဆေ့ချ်များသည် အမှန်တရားများကို ထုတ်ဖော်ပြောပြခြင်းဆီသို့ ပြောင်းလဲသွားသည်။ ကျန်းလော့သည် ထိုမက်ဆေ့ချ်များကို အလွန်အထင်ကြီးသွားပြီး စခရင်ရှော့ရိုက်ထားလိုက်သည်။ ဤအုပ်စုထဲမှ လူများအားလုံးသည် တိုက်ဆိုင်စွာ အိပ်ပျော်သွားကြပြီး တူညီသော အိပ်မက်ထဲသို့ ဆွဲသွင်းခံလိုက်ကြရသည့် အစစ်အမှန် လူသားများဖြစ်ကြောင်း ကျန်းလော့ သဘောပေါက်သွားသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now