Arc-7.21 Uni

274 33 0
                                    


kim Ha Joon-" ဟား....ဟား....ဟား....Si Woo ကငါ့အပိုင်....ဘယ်သူမှလုယူလို့မရဘူး....အားးးးးးး....Kim Yae Joon....မုန်းတယ်....မုန်းတယ်!!!!!....အားးးးး...ထွက်သွား!!!!....မလာနဲ့..... "

Kim သခင်မကြီး-" ဟင့်....ကျွန်မသားငယ်လေး....အဖြစ်က...ဆိုးလိုက်တာအကိုရယ်....အင့်....သားလေး...အမေ့သားငယ်လေး.... "

Kim သခင်ကြီး-" မငိုပါနဲ့....သားငယ်လေးက...သက်သာလာမှာပါ... "

ကုတင်ထက်တွင် ရုန်းကန်နေသော သားငယ်အား ဝမ်းပန်းတနည်းကြည့်နေရသော မိခင်တစ်ယောက်၏ အဖြစ်ကို မည်သူက ကိုယ်ချင်းစာမည်နည်း။ လက်များအား ကုတင်တန်းဖြင့် ချုပ်နှောင်ခံထားရပြိီး မကျေမနပ်ရုန်းကန်နေတာကြောင့် သားငယ်လက်လေးများမှာ ပွန်းပဲ့လျက်သွေးခြေပင်ဥနေလေပြီ။ ဒေါက်တာက အိပ်ဆေးကို ချုပ်ထိုးပေးလိုက်မှသာ တဖြည်းဖြည်းငြိမ်ကျသွားလေသည်။ ညီကိုချင်း ဒီလောက်ထိ လုပ်ရက်နိုင်လွန်းသော သားကြီးအားလည်းအပြစ်မတင်နိုင်တော့ပါ။ အားကိုးရာအကို့ရင်ခွင်ကိုသာ မှီခို၍ ဝမ်းနည်းမှုတွေအား လွှတ်ထုတ်မိလေသည်။

.........
" Boss...ပြန်တော့မလို့လား....အစောကြီးရှိသေးတာကို "

သူမ၏ boss သည် အလုပ်နဲ့ပတ်သက်ရင် စည်းကမ်းကြီးတတ်ပေမယ့် ပုံမှန်ဆိုသဘောကောင်းပြီး ဝန်ထမ်းတွေအပေါ်လည်း သက်ညှာတတ်တာကြောင့် အကုန်လုံးက ချစ်ကြောက်ရိုသေကြလေသည်။ အချိန်ခနဖြင့်ပင် ကုမ္ပဏီကြီးကို အောင်အောင်မြင်မြင်တည်ထောင်နိုင်ခဲ့တာကြောင့်လည်း ဝန်ထမ်းတွေရဲ့လေးစားမှုကိုခံနေရလေသည်။ ထိုထဲတွင်သူမအပါအဝင်ဖြစ်သည်။ ဒီ company တွင် သူမ boss ၏ အတွင်းရေးမူးအဖြစ် အလုပ်စဝင်သည်ဆိုကတည်းက နောက်ကျမှသာ အလုပ်ဆင်းတတ်ပြီး အလုပ်ဂျပိုးဖြစ်သူ သူမ၏ boss မှာ အစည်းအဝေးပင်ဖျက်ကာ အလုပ်ဆင်းရန်ပြင်နေလေသည့်အတွက် အနည်းငယ် စပ်စုမိခြင်းပင်။

Kim Yae Joon-" Omm...အကို့ရဲ့အရေးကြီးတဲ့လူနဲ့သွားတွေ့မလို့ဆိုပါတော့ "

" Wow....boss မှာရှိတာလား...  "

Kim Yae Joon-" မင်းရဲ့အကြည့်ကဘာသဘောလဲ...ကိုယ့်လိုအလုပ်ဂျပိုးမှာ...ရှိတယ်ဆိုတာ...
မယုံဘူးလို့ပြောချင်တာလား...ဟား....ဟား.... "

System One O Six ( S - 2 ) Where stories live. Discover now