Arc-7.2 Uni

1K 120 6
                                    


host-^^  six..... yae joon ရဲ့ဆုတောင်းကိုပြောပြ.....ဇာတ်လိုက်မကို..... တစ်စစီဆွဲဖြဲပစ်ရမှာမလား ^^

ကျန်ဟောက် yae joon ရဲ့ စျာပနာမှာတောင် ကောင်းကောင်းမွန်မွန် မဖြစ်ခဲ့တာကြောင့် အနည်းငယ်​တေ့ စိတ်ဆိုးမိသည်။ ကျန်ဟောက် ရွံတဲ့ထဲမှာ ဒီကမ္ဘာဇာတ်လိုက်မလို ပလီတတ်ပြီး အတွင်းစိတ်ပုတ်ပွနေသူမျိုးတွေကို အမုန်းဆုံးပင်။

[ မရှိဘူး.... ]

host-^^ ဟန် ^^

[ မရှိဘူးလို့.....ဆုမ​တောင်းသွားဘူး.....host လုပ်ချင်သလိုလုပ်လို့ရတယ်.....ဇာတ်လိုက်မကိုတော့.....မသတ်မိစေနဲ့....yae joon က....သူ့ညီကို....မုန်းပုံမရဘူး ]

^host-^ ဘာ!!!.....သူ့ညီကိုမမုန်းဘူး....ဖြစ်နိုင်တာပြောပါ..... six ရယ် ^^

[ မမုန်းဘူးလို့....မသာကြီးရဲ့.....မောပါတယ်ဆို....ခနခနပြောခိုင်းနေတယ် ]

host-^^ မော....မောရင်ရေသောက်.....ငါမှန်သွားကြည့်အုံးမယ်.... ^^

ကျန်ဟောက် six သူ့ကို ဆဲ​တော့မယ်ဆိုတာ သိတာကြောင့် လစ်ထွက်လာလိုက်သည်။

.........

ကျန်ဟောက် မျက်လုံးပေါ်မှာ အနည်းငယ်အုပ်မိုးနေတဲ့ ဆံပင်များကို လှန်ကာကြည့်လိုက်သည်။ ခရမ်းရောင်တောက်တောက် မျက်လုံးလေးများဟာ မကျဥ်းမကျယ်ပုံစံမျိုးရှိနေပြီး ရင့်ကျက်တည်ငြိမ်သူမှန်းသိသာစေသည်။ သဘာဝအတိုင်းနီထွေးနေပြီး ခပ်ဖောင်းဖောင်းလေးဖြစ်နေသော နှုတ်ခမ်းသားနုနုလေး ။ တကယ်ကို လှတယ်လို့ပြောရပေမည်။ ကျန်ဟောက် မှန်ကြည့်ရင်းနဲ့ပင် အချိန်ကုန်မှန်းမသိကုန်သွားလေသည်။ six သူ့ကို ဆဲမှသာ အမြန်ရေချိုးလိုက်ပြီး ​​အောက်ထပ်ကို ဆင်းလာလိုက်သည်။

...........

( ကျန်ဟောက်ကို.....yae joon လို့စသုံးပါမယ် )

Yae joon သူ့မိဘတွေနဲ့ (ဇာတ်လိုက်မ) သူ့ညီ Ha joon ရယ် ဇာတ်လိုက် Si Woo ရယ် တူတူထိုင်ကာ ထမင်းစားနေတာကို ​တွေ့လိုက်ရသည်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဟာ တူတူထိုင်နေခြင်းဖြစ်ပြီး သူ့မိဘတွေက မျက်နှာချင်းဆိုင်မှာ ထိုင်နေခြင်းပင်။ သူ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့ ခုံအလွတ်ဆိုတာမျိုးရှိမနေ ။ ရှိလည်း yae joon စိတ်မဝင်စားပေ။ မူလ yae joon တုန်းကလည်း အလုပ်ကို စောသွားတတ်တာကြောင့် မိသားစုနဲ့ ဝိုင်းဖွဲ့စားခြင်းမျိုးမရှိပေ။ ဒါကြောင့် သူတို့ ထမင်းစားနေတာကို ဂရုမစိုက်စွာ ဖြတ်သွားလိုက်သည်။

System One O Six ( S - 2 ) Where stories live. Discover now