Arc-6.4 Unicode

1.2K 141 3
                                    


host-" အ.....ဒါ....ဒါဘယ်နေရာ...... "

[ host..... သတိရလားပြိီလား....အဟီးးး....ဒါက.....စမ်းသပ်ခန်းထဲမှာလေ...... ]

host-^^ အာ.....ဟုတ်လား.....ငါတစ်ကိုယ်လုံးလဲ.....ကိုက်ခဲနေတာပဲ six ရာ......ရုပ်ရည်အဆင့်မြှင့်ပေး ^^

Takizaw မှာ တစ်ခန်းလုံးအဖြူရောင်ဖြစ်နေပြီး ကုတင်အဖြူတစ်လုံးပေါ်မှာ လှဲနေခြင်းပင်။ နောက်ပြီး သူ့လက်တွေဟာလည်း ပိုက်တန်းလန်းတွေနဲ့ပင်။ လက်ကိုကြည့်လိုက်တော့လည်း အပ်ပေါက်ရာတွေကြီးသာ ။သူ့တစ်ကိုယ်လုံးမှာလည်း ထုံကျဥ်နေပြီး လက်တွေခြေတွေကို ခံစားလို့ပင်မရတော့ပေ။ Takizaw လှဲနေရာမှ ထထိုင်ရန် ကြိုးစားပေမယ့် သူ့ခန္ဓာကိုယ်ဟာ လှုပ်မရပေ။ခုလိုအခြေအနေက အောက်ပိုင်းသေတဲ့လူထက်ပင်ပိုဆိုးနေသေးသည်။ အောက်ပိုင်းသေတဲ့သူက အောက်ပိုင်းပဲလှုပ်မရခြင်းပင် သူကတော့ နှုတ်ခမ်းလှုပ်ဖို့တောင်အားယူနေရသည်။

[ ဟုတ်ကဲ့ပါ.....host ခနနော်..... ]

host-" သောက်လခွမ်း.....ဒီဖေ.....ဟာ့.... "

host-^^ မဆိုးဘူး....တော်တယ်.....ငါ့ကိုစမ်းသပ်ထားတဲ့အကောင်တွေ......မင်းတို့ဖအေလာနေပြီ.....မ​သေနဲ့ဦး....အဟက်.....ခုတော့....ဒီဖအေ....စကားပြောဖို့တောင်အားနည်း​နေသေးတယ် ^^

Takizaw မှာ ပုံမှန်အတိုင်းပြန်မကောင်းပေမယ့် သူ့ရဲ့ခြေလက်တွေကို ပြန်ပြီးခံစားလို့ရနေပြီပင်။ သူလှုပ်ရင် နာနေသေးပေမယ့် အရမ်းကြီးလည်းမဟုတ်ပေ။ Takizaw အိပ်နေရာမှ ထထိုင်လိုက်သည်။ နောက်ပြီးသူကိုယ်ကို ကြည့်လိုက်တော့ ထအော်မတတ် လန့်သွားရသည်။ ခက်တာက အားနည်းနေသဖြင့်မအော်နိုင်သေးပေ။ သူတစ်ကိုယ်လုံးဟာ အဝတ်မဲ့နေခြင်းပင်။ Takizaw ဒေါသထွက်လွန်းလို့သေတော့မတတ်ပင်။ သူရှက်၍တော့ မဟုတ်ပေ ။ ဒါပေမယ့် သူခန္ဓာကိုယ်က ခုချိန်မှာ သူ့အပိုင်မဟုတ်တော့ပေ။သူ့ချစ်သူရဲ့ အပိုင်ပင် ။ ထိန်းထိန်းသိမ်းသိမ်းနေဖို့ သူ့မှာ တာဝန်ရှိလေသည်။ ရုတ်တရက် သူတစ်နေရာကို အကြည့်ရောက်သွားတော့ အရွဲ့တိုက်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာရလေသည်။

" ဖွီ.... "

တီဗွီဖန်သားပြင် ကြည့်နေတဲ့ သူတစ်ယောက်ဟာ သောက်လက်စ ရေတောင်ပြန်ထွက်လာရသည်။ တီဗွီဖန်သားပြင်ပေါ်တွင် ကိုယ်တုံးလုံးနဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုအရောင်လဲ့နေသော ပတ္တမြားရောင် မျက်ဝန်းများကို လခြမ်းပုံကွေးညွတ်သွားအောင်ပြုံးပြနေခြင်းပင်။ ဒါပေမယ့် ထိုသူလုပ်လိုက်သော အပြုအမူနဲ့ ပြောလိုက်သော စကားဟာ ထိုနေခြည်လိုနွေးထွေးနေတဲ့ အပြုံးနဲ့ လားလားမှမသက်ဆိုင်ပေ။

System One O Six ( S - 2 ) Where stories live. Discover now