Arc-6.7 Uni

1K 136 4
                                    


" ကောင်းပြီ.....ကျွန်တော်ပြောပြမယ်..... "

Amon-" အင်း.....အမှန်တိုင်းပြောဖို့မျှော်လင့်ပါတယ်...... "

Amon သူ့ရဲ့ ကမ်းလှမ်းချက် အောင်မြင်သွားသဖြင့် ကျေနပ်သွားရသည်။ သူတစ်ကယ်သိချင်တယ် ဒီလိုရက်ရက်စက်စက်သတ်နေတဲ့ V က ဘယ်လိုလူလဲဆိုတာ ။ သူ့ကိုလဲ ထိုက်သင့်တဲ့အပစ်ပေးဖို့ Amon မစောင့်နိုင်တော့ပေ။

" ခင်ဗျားသိချင်နေတဲ့.....လူသတ်သမားက.....အရင်ခင်ဗျားလိုက်ဖူးတဲ့ V တွေလောက်....မလွယ်ဘူး "

Amon-" အို....ပြောစမ်းပါအုံး......ဘာတွေများခက်နေတာလည်း.....ငါ့လက်ထဲကလွတ်ဖူးတဲ့ V ဆိုတာ.....မရှိသလောက်ရှားတယ်နော်.... "

" သူ....သူက....လုံးဝ psycho..... ဟုတ်တယ်.....သူက psycho ပဲ......သူနဲ့ကျွန်တော်....အဖွဲ့ဖြစ်ဖူးတယ်.....သူ.....သူက......ပြုံးပြုံးလေးနဲ့.....လူတစ်ယောက်ကို....အလွယ်လေးသတ်နိုင်တယ်......နောက်ပြီး....ထိုသူရဲ့....ဓားချက်တွေက.....လွဲတယ်ရယ်လို့မရှိဘူး.......သူ့က....အဖွဲ့ထဲကို....နောက်ဆုံးမှ.....ဝင်တယ်ဆိုပေမယ့်....သူ့ကို..... အကုန်လုံးက.....ကြောက်ကျတယ်......အဖွဲ့ထဲမှာရှိတဲ့.....နာမည်ပြောင်က......ကြောင်လို့ခေါ်တယ်.....သူကအရမ်းမြန်ပြီး.....ဂိုဏ်းရဲ့....စွမ်းအားကြီးလှပါတယ်ဆိုတဲ့သူတွေတောင်မှ....သူ့အမြန်နှုန်းကိုလိုက်မမှီဘူး......နောက်ပြီး.....သူက.....ကြောက်ဖို့ကောင်းတယ်.....သူ့ရဲ့ချစ်ဖို့ကောင်းတဲ့....အပြုံးက....ပိုကြောက်ဖို့ကောင်းတယ်......သူအဲ့လိုပြုံးလိုက်တာနဲ့....တစ်ယောက်မဟုတ်....တစ်ယောက်သေရတယ်.......သေတဲ့ပုံစံတွေကလည်း.....မြင်ဖို့မသင့်တော်လောက်တဲ့အထိပဲ....... "

Amon-" ငါကို....အရေးကြီးတဲ့....အချက်ပဲ....ပြော....နေဦး.....ပြုံးပြုံးလေးနဲ့ဆိုတော့.....မင်းက.....သူ့မျက်နှာကို.....မြင်ဖူးတာလား....ဘယ်လိုပုံစံမျိုးလဲ "

^^ စိတ်ဝင်စားဖို့ကောင်းတယ်.....အဟက် ^^
Amon သူ့ရှေ့က V ရဲ့ ကြောက်ရွံနေတဲ့ အမှုအရာကြောင့် အလိုလို မျက်ခုံးပင့်မိတယ် ။

" မျက်နှာတစ်ခုလုံးတော့မဟုတ်ဘူး.....ပါးစပ်ပိုင်းတင်.....သူကပုံမှန်အားဖြင့်....မျက်နှာကို....အလုံဖုံးလေ့မရှိဘူး......တစ်ဝက်ပဲဖုံးထားလေ့ရှိတာ....ဒါကြောင့်ကျွန်တော်သိနေတာ.....သူ့ရဲ့နှုတ်ခမ်းပုံစံက.....စိုရဲနေတယ်.....နောက်ပြီး..... အစွယ်တွေက......သေးပြီးချစ်ဖို့ကောင်းစွာတည်ရှိနေတယ်....သူ့ရဲ့နံပါတ်က....1009 .....သူ့ရဲ့သားကောင်ကိုမသတ်ခင်မှာ....နွေးထွေးစွာပြုံးပြပြီး.....အားပေးလေ့ရှိတယ်....နောက်ပြီး.....အံသြဖို့ကောင်းတာက....အဲ့....အဲ့သူက.....သွေးမသောက်ဘူး.....သွေးမသောက်ပဲနေနိုင်တာ.....V တွေအတွက်မဖြစ်နိုင်တဲ့အရာပဲ.......သူက....ပုံမှန်လူတွေစားတဲ့.....စားစရာမျိုးကိုသာ.....စားတယ်....လူလိုနေနိုင်နေတာကို.....ဘာလို့.....သူများအသတ်ကို....သတ်နေသေးလဲဆိုတာ....ကျွန်တော်လည်းနားမလည်ဘူး......ခန္ဓာကိုယ်တစ်ကိုယ်လုံးကဖြူစွတ်နေပြီး.....ဆံပင်ကလည်းအဖြူရောင်ပဲ......အဝတ်အစားကိုတော့....အနက်ရောင်တွေဝတ်တာပဲ......ကျွန်တော်မြင်တယ်....... "

Arkiya-" ကောင်းပြီ.....ဒါဆို.....မင်းတို့ဂိုဏ်းအကြောင်းကရော "

Arkiya ခေါင်းဆောင် Amon အစားမေးပေးလိုက်သည်။

" ကျွန်တော်တို့ဂိုဏ်းအကြောင်းက.....ကျွန်တော်လည်းသိပ်များများစားစားမသိဘူး.......အရမ်းလည်းလျှို့ဝှက်ထားကျသလို.....အဖွဲ့သားတွေကလည်း....တစ်ယောက်နဲ့တစ်ယောက်မရင်းနှီးကျဘူး.....ဂိုဏ်းရဲ့စည်းကမ်းတွေက......မျက်နှာက.....မျက်နှာဖုံးကို.....လုံးဝချွတ်ခွင့်မရှိဘူး.....သွေးအတွက်ကတော့......ကိုယ်ရှာတာ.....ကိုယ်သောက်ရတယ်......နောက်ပြီး......အဖွဲ့သားအချင်းချင်း......စကားကိုလိုတာထက်ပိုပြီးပြောပိုင်ခွင့်မရှိဘူး......အဲ့ဂိုဏ်းရဲ့.....ခေါင်းဆောင်ကဘယ်သူလဲဆိုတာတော့မသိပေမယ့်......processor တစ်ဦးကတော့......အခြားအဖွဲ့သားတွေကို.....အမိန့်ပေးခွင့်ရှိတယ်.......ကျွန်တော်.....အရင်က.....လူတစ်ယောက်ဆိုရင်.....ခင်ဗျားတို့ယုံမလား...... "

Arkiya-" ဟင်....မဖြစ်နိုင်တာ.....ဒါပေမယ့်.....မင်းက V တစ်ယောက်လေ!!..... "

Arkiya အံသြတစ်ကြီးပြောလိုက်သည်။ ဘယ်လိုတောင် ဟာသနိုင်ရတာလဲ ။ လူသားတစ်ဦးက V ဘယ်လိုမှဖြစ်မလာနိုင်ဘူးလေ ။ သူမခေါင်းဆောင် Amon ကို ကြည့်လိုက်တော့လည်း ခေါင်းဆောင်မျက်နှာမှာ ဘာအမှုအရာမှပြမနေ။

" ဟား....ဟား....ဟုတ်တယ်.....ကျွန်တော်အရင်တုန်းက.....စင်စစ်လူသားတစ်ယောက်ဖြစ်ခဲ့တယ်.....ဒါပေမယ့်.....နေ့ညများစွာ.....
စမ်းသပ်ခန့်ထဲက....ကြွက်တစ်ကောင်လို......နာကျင်စွာစမ်းသပ်ခံခဲ့ရတယ်......နောက်ဆုံးတော့.....ဒီလူမဟုတ် V မဟုတ်ဘဝကြီးကို.....ရခဲ့တယ်......ခင်ဗျားတို့မသိတာက.....ခင်ဗျားတို့....Vk ကအဖွဲ့သားတစ်ချို့တောင်......ခုချိန်...... လူတွေအသတ်ကိုသတ်ပြီး.....သွေးသောက်နေရလောက်ပြီ....အဟား....ဟား.....ရယ်စရာကောင်းမနေဘူးလား...... "

Arkiya-" မင်း.....ဘယ်လို.....မဖြစ်နိုင်တာ....မဖြစ်န်ုင်လိုက်တာ!! "

Arkiya နာကျင်စွာ ရယ်နေသော လူကိုကြည့်ကာ အစပိုင်းမှာတော့ ထိုလူ ရူးနေတယ်လို့ပဲထင်ခဲ့လိုက်သည်။ ဒါပေမယ့် ထိုလူ မျက်နှာဖုံးချွတ်လိုက်တဲ့ခနမှာပင်  Arkiya ထိတ်လန့်သွားရသည်။ မျက်လုံးတစ်ဖက်က အနီရောင်တောက်တောက်ရှိနေပြီး ကျန်တစ်ဖက်ကတော့ ပုံမှန် မီခိုးရောင်မျက်စံရှိနေခြင်းပင်။ နောက်ပြီး မျက်နှာတစ်ဝိုက်မှာလဲ အပ်ပေါက်ရာများနဲ့ ဓားရှရာများ။

Amon-" စိတ်ငြိမ်ငြိမ်ထား.....Arkiya. ... "

Amon Arkiya ရဲ့ပုခုံးကို ပုတ်ကာပြောလိုက်သည်။

( ဒီ arc ထဲက.... V က...... ကိုက်လိုက်တာနဲ့...... ဂွက်ကနဲ...... V တန်းဖြစ်တာမဟုတ်ဘူးနော်.....ဖော်စပ်ထားတဲ့ ....ဆေးထိုးခံရမှသာ.....Vတစ်ယောက်ဖြစ်သွားတာပါ....... )

System One O Six ( S - 2 ) Tahanan ng mga kuwento. Tumuklas ngayon