Arc-7.1 Zaw

52 2 0
                                    

ကျန်ဟောက် ကိုက်ခဲနာကျင်နေတဲ့ ခေါင်းကို နှစ်ချက်လောက်ထုကာ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူရောက်နေတာက ကြီးမားပြီး ကျယ်ပြန့်နေသော အခန်းတစ်ခု ။ ဒါပေမယ့် ကြောက်ဖို့ကောင်းလောက်အောင်ပင် စာအုပ်တွေသာ ရှိနေလေသည်။ကြီးမားတဲ့ မွေ့ယာရဲ့ ညာဘက်တွင် ပြတင်းပေါက်တစ်ခုရှိပြီး သန့်ရှင်းသပ်ရပ်နေသော စာပွဲခုံတစ်လုံးလည်းရှိသေးသည်။ နောက်ပြီး ပုံတုံးတုံးမီးအိမ်တစ်ခု ။ ချမ်းသာပုံရပေမယ့် ငြီးငွေ့ဖွယ်အခန်းပြင်ဆင်ပုံကြောင့် ကိုက်နေတဲ့ခေါင်းပင် ပိုဆိုးသွားရသည်။

[ host......သေပြီလား.....မသေသေးရင်လည်း....ဇာတ်ကြောင်းနားထောင် ]

ခနနေတော့ six ရဲ့ တွန်သံကြီးထွက်ပေါ်လာလေသည်။ ကျန်ဟောက်လည်း ဘာမှမပြောဘဲ six ပို့မယ့် ဇာတ်ကြောင်းကိုသာ စိတ်ဝင်စားဟန်ပြလိုက်သည်။

& ဒီကိုယ်ပိုင်ရှင် နာမည်က kim yae Joon ။ ဇာတ်လိုက်နာမည်က Lee Si Woo ။ ဇာတ်လိုက်မနာမည်က Kim Ha Joon ။ yae joon နဲ့ဇာတ်လိုက်မနဲ့က ညီအကိုတွေ ။ yae joon ကအကြီးဆုံးဖြစ်ပြီး ရင့်ကျက်တည်ငြိမ်ကာ အေးစက်သလောက် သူ့ညီဇာတ်လိုက်မဟာ ချစ်ဖို့ကောင်းသလို သွက်သွက်လပ်လပ်လည်းရှိလှသည်။ yae joon နဲ့ ဇာတ်လိုက်မဟာ သုံးနှစ်လောက်ကွာသာကြသည်။ ဇာတ်လိုက်မ မမွေးခင်တုန်းက yae joon ကို သူ့မိဘတွေဟာ တုန်နေအောင်ချစ်ကြပြီး ဇာတ်လိုက်မမွေးတော့ yae joon အတွက်အချစ်ဆိုတာ သူ့မိဘတွေဆီမှာ မရှိတော့သလိုပင်။ yae joon မိဘတွေဟာ ငယ်ငယ်လေးထဲက ချူချာပြီး အာနည်းတဲ့ ဇာတ်လိုက်မကို အရမ်းချစ်ပေးပြီး ဂရုစိုက်ကျတယ်။ ငယ်ရွယ်စဉ်ကတည်းက yae joon လိုချင်တဲ့ အရုပ် yae joon တန်ဖိုးထားတဲ့ အရာတွေကို ဇာတ်လိုက်မလိုချင်တယ်လို့ ပြောတာနဲ့ တန်းပေးလိုက်တာပင်။ yae joon ကိုလည်း တစ်ခါမှ မေးမြန်းခြင်းမရှိခဲ့ ။yae joon က " သားဟာတွေကို....ဘာလို့ညီလေးကို ....ပေးလိုက်တာလည်း..." လို့မေးရင်လည်း " ညီလေးက..... အားနည်းတယ်လေ..... သူ့ကိုပေးလိုက်ပါ.... သားကြီးက..... စာအုပ်ဖတ်ရတာ.....ကြိုက်တယ်မလား...သားကစာအုပ်ဖတ်လည်းရနေတာပဲကွယ်..." ထိုသို့ပြောကာပင် အမြဲအဆုံးသတ်သွားရသည်။ yae joon လိုချင်တဲ့ အရာဆို ခက်ခက်ခဲခဲ ပူဆာရသလောက် သူ့ညီ Ha joon တောင်းရင် တစ်ခါထဲဝယ်ပေးလိုက်တာပင်။ yae joon မိဘတွေဟာ yae joon ဟာရင့်ကျက်ပြီး တော်တာကြောင့် yae joon ကိုကလေးလို့ပင် ငယ်ရွယ်စဉ်ကတည်းက သဘောမထားခဲ့ ။ တကယ်တော့ yae joon လည်း အားငယ်တတ်သည် မိဘတွေနဲ့ အနီးကပ်နေချင်သည် မိဘတွေချစ်တာကို လိုချင်သည် ကလေးသဘာဝဆော့ကစားချင်သည် ။ yae joon ကြိုးစားတယ်ဆိုတာကလည်း သူ့မိဘတွေက သူ့ကိုပိုပြီးချစ်လာဖို့အတွက် သူအမြဲကြိုးစားခဲ့တာပင် ။ ဆယ်တန်းအောင်တော့ာ ကိုယ်ပိုင်ရှင် yae joon က ဆရာဝန်လိုင်းမှီခဲ့ပေမယ့် သူ့အဖေစကားကြောင့် သူအရမ်းဖြစ်ချင်ခဲ့တဲ့ ဆရာဝန်အလုပ်ကို မရွေးချယ်နိုင်ခဲ့။ yae joon အဖေဟာ သူ့ကို ကုမ္ပဏီမှာ အလုပ်ဝင်စေခဲ့တယ် ။ နောက်ပိုင်း ဒု CEO အဖြစ် ကုမ္ပဏီမှာနေခဲ့တယ် ။ သူ့ညီလေးကျတော့ကော သူသဘောကျတဲ့ ဂီတကိုလွတ်လပ်စွာရွေးချယ်ခွင့်ရပြီး သူ့မိဘတွေက အရမ်းအားပေးအားမြှောက်ပြုခဲ့ကြသည်။ ဒီအထိသူနားလည်ပေးခဲ့တယ် ။ yae joon က အကြီးဖြစ်တာကြောင့် ညီလေးကို စောင့်ရှောက်ပြီး ညီလေးဖြစ်ချင်တာတွေ ဖြည့်စည်းပေးရမည်ပင်။ ဒါပေမယ့် yae joon နဲ့စေ့စပ်ထားတဲ့ သတို့သားလောင်းကို လုယူတာမျိုးတော့မဖြစ်သင့်ပေ။ yae joon က ဇာတ်လိုက်နဲ့ ငယ်ငယ်ထဲက စေ့စပ်ထားခြင်းပင်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဟာ ရွယ်တူဖြစ်တာကြောင့် ငယ်ငယ်ကတည်းက အတူသွားအတူကစားတာကြောင့် သံယောဇာဉ်ရှိကြလေသည်။ နွေးထွေးတဲ့ အပြုံးလေးတွေပြုံးပြတတ်တဲ့ ဇာတ်လိုက်ကို yae joon ဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ရပြီး အဝေးမှာပင် အမြဲချောင်းကြည့်ခဲ့ရလေသည်။ အကြောင်းမှာ yae joonညီ ဇာတ်လိုက်မဟာ ဇာတ်လိုက်နဲ့ နှစ်ယောက်ထဲဆော့ချင်တဲ့အတွက်ပင် ။ yae joon ဝင်ပြီးကစားတိုင်း သူ့ညီ Ha joon ဟာ အမြဲငိုယိုနေတာကြောင့် မိဘတွေဟာ yae joon ကို ဇာတ်လိုက်တို့နဲ့ မကစားခိုင်းတော့ပေ။ Si Woo နဲ့ Ha Joon ပျော်ရွင်စွာ ကစားနေတာကို အဝေးကနေပဲ ကြည့်နေခဲ့ရသည်။ကြီးလာတော့လည်း ထိုအတိုင်းပင် ဇာတ်လိုက်နဲ့ yae joon ဟာ စကားပင်မပြောကြပဲ ဇာတ်လိုက်ဟာ ဇာတ်လိုက်မနဲ့ ပိုပြီးပင် နီးစပ်လာသည်။ ကြာလာတာနဲ့အမျှ မေတ္တာရှိလာပြီး သူ့ညီဟာလည်း အပြင်ပိုင်းမှာသာ yae joon ကိုငိုယိုတောင်းပန်နေသလောက် လူကွယ်ရောက်တိုင်း သူ့ကို ဇာတ်လိုက်ကဘယ်လိုချစ်ပါတယ် ဆိုတာ yae joon ကို အမြဲပြောနေခဲ့တယ် ။ yae joon က အနေအေးပြီး ခံစားချက်တွေကို ထုတ်မပြတတ်တာကြောင့် သူ့ညီစကားကို အမြဲလျစ်လျှူရှုခဲ့ပေမယ့် သူ့စိတ်ဟာ အရမ်းပင်ပန်းနေပြီး ဘယ်လိုမှ မဖြေဖျောက်နိုင်ပဲရှိနေခဲ့သည်။ တစ်နေ့ ဇာတ်လိုက်မိဘတွေဟာ အခမ်းအနားတစ်ခုမှာ သူနဲ့ ဇာတ်လိုက်စေ့စပ်ထားကြောင်းကို လူအများရှေ့မှာ ဖွင့်ပြောခဲ့ပြီး လက့ထပ်ဖို့ကိုလည်း စီစဉ်တော့မည်ဖြစ်ကြောင်းပါပြောခဲ့တယ် ။ ထိုအချိန် yae joon မှာ မပိုင်ဆိုင်ရမှန်းသိပေမယ့် ပျော်နေမိသည်။ ဒါပေမယ့် ထိုအပျော်ဟာ ကြာရှည်မခံခဲ့ ။ ဇာတ်လိုက်ဟာ လူလယ်ခေါင်မှာပင် yae joon ကိုငြင်းခဲ့သည် နောက်ပြီး ဇာတ်လိုက်မနဲ့ ကြိုက်နေတယ်လို့လဲပြောခဲ့တယ်။ yae joon ရဲ့ အရှက်နဲ့ ဂုဏ်ကို နည်းနည်းမှမငဲ့ပဲပေါ့ ။ ဒါပေမယ့် နဂိုကတည်းက ခံစားချက်ကို ထုတ်မပြတတ်တဲ့ yae joon ဟာ ပုံမှန်အတိုင်း ဘာမှမဖြစ်သလို သရုပ်ဆောင်ခဲ့တယ်။ ဇာတ်လိုက်မိဘတွေဟာလည်း ပထမတော့ စိတ်ဆိုးခဲ့ကြပေမယ့် ဇာတ်လိုက်မရဲ့ ချစ်စဖွယ်အပြုအမှုလေးတွေကြောင့် ချစ်ခင်မိပြီး ဇာတ်လိုက်နဲ့ သဘောတူခဲ့ကြသည်။ yae joon ကျတော့ကော ဇာတ်လိုက်တို့ မင်္ဂလာဆောင်ရက်မှာပင် နှလုံးဖောက်ကာ သေခဲ့ရသည်။ ဟုတ်ပါသည် yae joon မှာ နှလုံးရောဂါရနေသည်မှာ လအနည်းငယ်ပင်ရှိနေခဲ့တယ် ဒါပေမယ့် မိဘတွေကို စိတ်မပူစေချင်တာကြောင့်မပြောပြခဲ့ သူသေမှသာ သူ့မိဘတွေဟာ သိခဲ့ရသည်။ ထိုအခါမှ yae joon ကို ငိုယိုပြီးတောင်းပန်ကျသည်။ ဇာတ်လိုက်မကတော့ ထိုအခန်းအနားမှာ ငိုယိုနေပြီး မေ့လဲသွားခဲ့သည်။ ဒါကြောင့် yae joon ရဲ့ဈာပနာကိုပင် မေ့ကာ ဇာတ်လိုက်မကို ဆေးရုံပို့လိုက်ကြလေသည်။ ဒီအတွက်လည်း မိဘတွေကို yae joon အပြစ်မတင်ပါ ။သေသူထက် အသက်ရှင်နေသူကို ဂရုစိုက်တာ သဘာဝပဲလေ။ &

ကျန်ဟောက် ကတော့ နောက်ဆုံးအချိန်ထိ အရာရာကို ဖြည့်တွေးပေးတတ်တဲ့ ကိုယ်ပိုင်ရှင်ကို တော်တော်ချီးကျူးမိသည်။

System One O Six ( S - 2 ) Where stories live. Discover now