Arc-6.3 Unicode

1.2K 147 11
                                    

[ host ....ဘာတွေငေးနေတာလဲ...... တိုက်ပွဲကိုအာရုံစိုက်လေ ]

host-^^ အေးပါ....ငါသိပါတယ်....ဒါနဲ့ V တွေက.....မျက်နှာဖုံးကြီးတကားကားနဲ့.......သူ့တို့ရုပ်တွေက.....စောက်ရမ်းဆိုးလို့နေမယ် ^^

Takizaw မှာ သူ့ဆီကို တိုက်ခိုက်လာတဲ့ ဇီးကွက်မျက်မှာဖုံးနဲ့ Vရဲ့ တိုက်ခိုက်မှု​တွေကို ရှောင်တိမ်းရင်း six ကိုပြောလိုက်သည်။

[ host ရယ်....ပေါက်တတ်ကရမပြောပါနဲ့.....မျက်နှာဖုံးတပ်တယ်ဆိုတာက.....သူတို့ရုပ်တွေမမြင်ရအောင်လို့လေ.....ဒါမှသူတို့တွေ.....လူတွေကြားမှာဖုံးကွယ်နေနိုင်မှာလေ...... ]

host-^^ အိုး....ငါသိပြီ..... ^^

" အဖွဲ့ခေါင်းဆောင် Takizaw.... သတိထားးးး.... "

host-" ဟင်....ကျစ်......မင်းသေဖို့ပြင်ထား...... "

Takizaw သူ့ကိုကာကွယ်ရင်း​သေသွားသော ကောင်မလေးကိုကြည့်ရင်း စိတ်တိုလာရသည်။ သူတကယ်ဒီ V ကို သတ်ချင်လာသည်။ ဒါပေမယ့် ခက်တာက ထိုကောင်တွေက အရမ်းမြန်ပြီး အရမ်းလည်းအားသန်ကျသည်။ ခန့်မှန်းရမယ်ဆိုရင် sss အဆင့်လောက်​တော့ရှိလိမ့်မည်။ နောက်ပြီး သူကခုမှ ss အဆင့် VK တစ်ယောက်ပဲရှိသေးတာမို့ ဒီကောင်ကို မနိုင်ဘူးဖြစ်နေသည်။ ကျန်တဲ့သူတွေကို ကြည့်လိုက်တော့လဲ သူ့နည်းတူ တစ်ခြား V များနဲ့ ရင်ဆိုင်နေရလေသည်။ ကံကောင်းတာက ထိုကောင်တွေ မျက်နှာဖုံးအုပ်ထားလို့ပင် ။ မအုပ်ထားကြည့်ပါလား ထိုနေရာမှာပင် သရဲကြောက်တဲ့ Takizaw မေ့လဲသွားနိုင်သည်။

" ဟား....ဟား....မင်းရဲ့အစွမ်းက....
ဒီလောက်ပဲလား.....ငါမင်းတို့ VK တွေကို....အထင်တောင်သေးမိသွားပြီ..... "

host-" စောက်ရမ်းတွေဖင်လာမကျယ်နဲ့......ငါ့တကယ်အစွမ်းကိုထုတ်သုံးရင်.....မင်းလောက်က.....ဘာမှမဟုတ်ဘူး..... "

" ဘာပြောတယ်....... "

host-" အဟားဟား......ဒေါသတွေသိပ်ကြီးနေပါလား.... "

Takizaw ဇီးကွက်မျက်နှာဖုံးနဲ့ V ရဲ့ တိုက်ခိုက်မှုတွေကို အသာလေးရှောင်တိမ်းရင်း ထိုကောင်ကို ဒေါသထွက်အောင်စွနေလိုက်သည်။ ကိုယ်မနိုင်ရင် အဲ့ကောင်လည်းဒေါသတွေထွက်ပြီးသေစေရမယ်။ Takizaw တဲ့ တစ် Zaw ပဲ ရှိတယ် ။ နှစ် Zaw ရှိရင် ခုတ်သတ်ပြစ်မယ် ငါ့လင်ကိုလာလုမှာစိုးလို့ ဟွန့်။

System One O Six ( S - 2 ) Where stories live. Discover now