Arc-6.2 Unicode

1.4K 139 9
                                    


host-" ဒါက.....ငါ့အိမ်လား.....မဟုတ်သေးဘူး.....အပိုင်တောင်မဟုတ်ဘူး.....ငှားထားရတာ......သနားစရာငါလေး.....အဟင့်....  "

Takizaw သူရဲ့မှတ်ညဏ်အတိုင်း သူငှားနေတဲ့ တိုက်ခန်းလေးဆီိကို သွားလိုက်သည်။ ထိုနေရာရောက်တော့ အရမ်းမကျဥ်းပေမယ့် သူ့လိုငွေကို ခြေစလုံးမွှေးလိုသဘောထားတဲ့ သခင်လေးကျန်ဟောက်အတွက်ကတော့ တော်တော်ကိုကျဥ်းလေသည်။ မတတ်နိုင်ဘူး သူဝင်ထားတဲ့ကိုယ်က မချမ်းသာတော့လည်း ကျိတ်မှိတ်ခံရမှာပဲ ။

host-" အားးး......no!!!! "

[ host.... ဘာဖြစ်လို့လဲ..... ]

host-" မရဘူး....ဒါကြီးကတော့.....လွန်သွားပြီ...ငါဒါလေးနဲ့.....ဘယ်လိုဝမှာလဲလို့.....ခုလဲမိုးချုပ်နေပြီ.....အပြင်မှာသွားဝယ်လို့လဲ.....မရတော့ဘူး....​တော်ကြာသရဲကိုက်မှဖြင့်....မဖြစ်ဘူး....ငါအပြင်သွားလို့မဖြစ်ဘူး....အီးးးး "

Takizaw သူ့ရဲ့ဆာနေတဲ့ ဗိုက်ကိုဖြည့်ရန် ရေခဲသေတ္တာထဲကြည့်လိုက်တော့ ထိတ်လန့်သွားရလေသည်။ ရေခဲသေတ္တာတစ်ခုလုံးစေ့စေ့စပ်စပ်ကြည့်လိုက်တာ ကြက်အူချောင်းတစ်ချောင်းနဲ့ ကြက်ဥတစ်လုံး ထွက်လာလေသည်။ မြွေမထွက်လာတာ ကံကောင်းသည်ဟုသာ အရွဲ့တိုက်စွာတွေးလိုက်သည်။ ဇွန်ဘီကမ္ဘာတုန်းကတောင် ခေါက်ဆွဲ​ပြုတ် စားရသေးသည်။ ခုဟာက ဒီအူနဲ့ဥကို စားပြီးဘယ်လိုလုပ် ဗိုက်ပြည့်မှာလဲလို့ ။ ငါလေးစိတ်လေသည်။ တကယ်စိတ်လေသည်။ ခုမှ မူလကမ္ဘာက သူ့ကိုပိုက်ဆံလိုသလိုထုတ်ပေးသော သူ့မီမီနဲ့ဖာဖာကို ကျေးကျေးတင်ချင်စိတ်ပေါက်သွားသည်။

[ host ရယ်....သရဲမဟုတ်ရပါဘူး.....vampier ပါ.....ကြောက်ဖို့မကောင်းပါဘူး.....တစ်ချို့ V လေးတွေဆို..... ချောတာမှရက်ရက်စက်စက်.... ]

host-" သူတို့ကငါ့လောက်ချောပါ့မလားလို့.....မျောက်လုံးနီကြီးတွေနဲ့....ကြောက်ချာကြီး....ဒီနေ့ညရေသောက်ဗိုက်မှောက်ရတော့မယ်နဲ့တူတယ်.....ဝူး....ဝူး.....ဒီလောက်အစားစာအပေါ်ကို.....ယုံကြည်ကိုးကွယ်ပြီး....ချစ်မြတ်နိုးတဲ့ငါလေးကိုမှ......အစားမရှိတဲ့အရပ်မှာနေခိုင်းတာ.....မတရားဘူး....ဝူးးး.....မော့မော့ရေ...ဒီမှာမင်းယောကျာ်းကို.....သူတို့အငတ်ထားတယ်......ဝူးးးး...... "

System One O Six ( S - 2 ) Where stories live. Discover now