Arc-7.12 Uni

1K 116 15
                                    


" kim yae joon!!!...ငါပြောနေတယ်လေ...Si Woo နဲ့... လိုက်သွားလို့...သူ့မိဘတွေဒီလောက်ခယခေါ်နေတာလေ...မင်းလူမှုရေးနားမလည်ဘူးလား...ဟန်..."

Host- " ကျွန်တော်မလိုက်ချင်ဘူး...ကျွန်တော်လိုက်လည်း...အပိုပဲ... "

^^ ခွေးစာကျွေးခံပြီးတော့မလိုက်နိုင်ဘူး...အဲ့သာလိုက်သွားရင်...ဒေါသထွက်လွန်းလို့သေသွားလိမ့်မယ် ^^

Si Woo ရဲ့မိဘတွေက သူ့အဖေဆီဖုန်းဆက်ပြီး yae joon ကိုလိုက်ဖို့ခေါ်ထားခြင်းပင်။ yae joon ကို Si Woo အဖွားဖြစ်သူက ချစ်ရှာပါသည်။ ဒါပေမယ့် Yae joon က အဖွားဆီသွားတိုင်း လိုက်မသွားဖြစ်တာကြောင့် ခုလောက်ဆို အဖွားလည်း ha joon မာယာထဲပိတ်မိနေလောက်ပြီ။ နောက်ပြီး ကာယကံရှင် Si Woo ကိုယ်တိုင်ကခေါ်တာမှ မဟုတ်ဘဲ ။ ဒါကြောင့် Yae joon မလိုက်ရန်သာရွေးချယ်လိုက်ခြင်းပင်။ ဒါကို သူ့အဖေ kim သခင်ကြီးက မကျေနပ်နိုင်ပဲ ဇွတ်လွှတ်နေခြင်း​ဖြစ်သည် ။ အကြောင်းကတော့ yae joon နဲ့ si woo ကိုပိုပြီးနီးစပ်စေချင်တဲ့အတွက်ဖြစ်သည်တဲ့လေ။

" ဘာကိုအပိုလဲ...မင်းကသူ့လင်ဖြစ်မဲ့သူ...သူနဲ့စိမ်းနေလို့...ဘယ်ဖြစ်မလဲ...မင်းမှာငါတို့စီစဥ်တာကိုငြင်းပိုင်ခွင့်မရှိဘူး...si woo မိဘတွေက...ငါတို့လုပ်ငန်းရဲ့...အဓိကထောက်တိုင်ဆိုတာမင်းသိတယ်မလား...မင်းတို့နှစ်ယောက်လက်ထပ်လိုက်ရင်...ငါတို့အတွက်အကျိုးရှိတယ်...ခုလည်း si woo နဲ့ရင်းနှီးအောင်နေ...သူအကြိုက်လိုက်ပေး...ကြားလား...ကုန်ကုန်ပြောမယ်...မင်းကယောကျာ်းလေးဆိုပြီး... မာနတွေထားလို့မရဘူး...မိန်းမနေရာကနေစေချင်ရင်..နေပေးရမယ်... "

Si woo- " ကောင်းပြီ...ကျွန်တော်လိုက်သွားလိုက်မယ် "

Yae joon လက်သီးတင်းတင်းဆုပ်ရင်း ပြောလိုက်သည်။

" ခနနေ...Si Woo လာခေါ်လိမ့်မယ်...အသင့်ပြင်ထား...သားငယ်...လိုက်မှာဆိုသွားပြင်တော့... "

Yae joon-^^ ဟက်...တော်​တော်ကောင်းတဲ့အဖေပဲ ^^

Yae joon joon လေးကို တယုတယကြည့်နေတဲ့ သူ့အဖေကို စိတ်ပျက်သလိုကြည့်လိုက်သည်။
......

Si Woo- " joon လေး...ပြီးပြီလား "

^^ ချစ်စရာလေး...ဟက်...ကိုကိုခင်ဗျားကို...ရဖို့ကျွန်တော်...တော်​တော်စီစဥ်လိုက်ရတယ်...ပင်ပန်းရကျိုးနပ်တော့မှာပါ...အဟင်း ^^

System One O Six ( S - 2 ) Where stories live. Discover now