Arc-6.19 Zaw

74 5 0
                                    

Arkiya-" Saino.....ဘာဖြစ်တာလဲ....မင်းနဲ့ Arkiya......ဒီနေ့မနက်ကတည်းကစကားမပြောဘူး..... "

Takizaw မနက်ကတည်းက Arkiya ကိလြှည့်ပတ်ရှောင်နေပြီး လမ်းလျှောက်တာ ကွတကွတဖြစ်နေသော Saino ကြောင့် မသင်္ကါ၍ မေးလိုက်သည်။

Saino-" ဘာမှမဖြစ်ပါဘူး.....တိုက်ပွဲသာ....အာရုံစိုက်.... "

Takizaw နဲ့ Sainoက takizaw ရဲ့ ညီမဖြစ်သူ tasashi နဲ့ ကျန်အနီးတစ်ဝိုက်က စမ်းသပ်ခံထားရတဲ့ သူတွေကို ကယ်ဖို့တာဝန်ယူထားခြင်းပင်။ Amon နဲ့ Arkiya ကတော့ အဘိုးကြီးကို နှိမ်နင်းဖို့တာဝန်ယူထားခြင်းပင်။

Takizaw-" sainoya.....မင်းလမ်းကဟုတ်ရဲ့လား....မရောက်သေးသလိုပဲ.... "

Takizaw စိတ်မရှည်စွာ saino ကိုမေးလိုက်သည်။ သူ Amon ကိုစိတ်ပူပါသည် ဇာတ်လိုက် မကလို့ ဘာပဲဖြစ်နေနေ Amon ကိုစိုးရိမ်မိသည်။ သူလုံးဝစိတ်မအေးနိုင် ဖြစ်နိုင်ရင် ဒီကနေမြန်မြန်ထွက်ပြီး Amon ဆီကို အပြေးသွားချင်မိသည်။

Saino-" takizaw...... ရောက်ပြီ....ဒီမှာမင်းညီမ.....အခန်းမလား.... "

host-" 203.....ဟုတ်တယ်.....ဒီအခန်းပဲ.... "

Takizaw ပျော်ရွှင်စွာပင် အခန်းတံခါးကို ဖွင့်လိုက်ပြီး အမြန်ဝင်သွားလိုက်သည်။ ဒါပေမယ့် အထဲမှာ မြင်လိုက်ရတဲ့ အရာကြောင့် လန့်သွားမိသလို စိတ်လည်းပူမိသည် ။ တစ်ကိုယ်လုံးတွင် ပိုက်များဖြင့် စမ်းသပ်ခံထားရပြီး မျက်လုံးနီနီများက ဖွင့်လျက်သား။ မျက်လုံးများဟာ ပွင့်နေပေမယ့် သတိမရှိသလို နိုးထလာခြင်းမျိုးလည်းမရှိပေ။ သေးသွယ်နေပြီး ပိန်လှီနေသော ခြေတံများနဲ့ လည်းပင်းညှပ်ရိုးများ၊ အဖြူရောင် အင်္ကျီဒူးဖုံးကို ကို ဝတ်ဆင်ထားပြီး ရှည်လျားနေတဲ့ ဆံပင်အဖြူများကို ဖြန့်ကျဲထားသည်။

Saino-" ဘာလုပ်နေတာလဲ....ပွေ့လေ....သူမတစ်ယောက်တည်း....မတ်တပ်ရပ်နိုင်မယ်ထင်လို့လား "

Sainoya ကြောင်အမ်းကာ ရပ်နေသော takizaw ကိုပြောလိုက်သည်။ ထို့နောက် takizaw ပွေ့တာကိုမစောင့်တော့ပဲ သူကိုယ်တိုင်ပင် ပေါ့ပါးနေသော ခန္ဓာကိုယ်ကို ပွေ့လိုက်သည်။

.........

Arkiya-" A....Amon ဘာလုပ်နေတာလဲ....သူမကိုသတ်လေ..... "

System One O Six ( S - 2 ) Where stories live. Discover now