Arc-7.7 Uni

1.1K 131 27
                                    


" Kim Yae Joon!!!!! "

Ha Joon-" အ...အဖေ....ကိုကို့ကို....မအော်ပါနဲ့.....ဟင့်....အီးးး... "

^^ ဟား.....ဟား......kim yae joon....အရာအားလုံးက....ငါ့အပိုင်ဆိုတာကို.....သိပြီမလား ^^

Ha joon လန့်သွားသလိုလေးနဲ့ အကိုထိရင်မခံဘူးဆိုတဲ့ ညီငယ်ပုံ ဖမ်းလိုက်ကာ အဖေဖြစ်သူကို မဝံမရဲလေး ပြန်အော်လိုက်သည်။ သူ့ရဲ့ စိတ်ရင်းမှန်ကို မသိသော အဖေဖြစ်သူက yae joon ကို ဆူပူကြိမ်းမောင်း မည်မှာ မလွဲပေ။

" kim yae joon..... မင်းကို ဒီလောက်တွယ်တာပြီး....ကျန်းမာရေးချို့တဲ့တဲ့....မင်းညီကို....အဲ့လိုပြောရလား..... မင်းကအရမ်းအောက်တမ်းကျတာပဲ..... "

Host-" ကောင်းပါပြီ....kim သခင်ကြီး.... သဘောတိုင်းပေါ့....နောက်ခါ....သခင်လေးကို....ဘာမှမ​ပြောတော့ပါဘူး "

^^ ကျန်းမာရေးချို့တဲ့တယ်.....လင်ဒါရူးဖို့ကျ....တတ်ပါ့.... အဟား....ဘယ်လိုတောင်....ဘက်လိုက်တဲ့ဖခင်လဲ....yae joon....မင်းဒီလိုလူတွေရဲ့.....လက်အောက်မှာနေနိုင်တာ.....အံသြစရာပဲ.....မင်းနေနိုင်ပေမယ့်....ငါမနေနိုင်ဘူး...six... ငါ့ကိုကိစ္စတစ်ချို့ကူညီပေး..... ^^

Yae joon သူဘာပြောလိုက်လဲဆိုတာကိုပင် မသိစွာ ha joon ကို ဂရုတစိုက် ကားထဲမှာ နေရာချပေးသော ဖခင်ဖြစ်သူကို ကြည့်ကာ မဲ့ပြုံးသာ ပြုံးမိသည်။ နောက် yae joon အရှေ့ခန်းမှာ ထိုင်ကာ ကားမောင်းခြင်းအလုပ်ကို စတင်လိုက်သည်။ သူ့ကိုတော့ စိမ်းစိမ်းဝါးဝါး ကြည့်လွန်းသည့် ဖခင်ဟာ ha joon ကိုတော့ ရတနာသဖွယ် မြတ်နိုးစွာ ကြည့်နေလေသည်။ yae joon မင်းရဲ့ ကြိုးစားမှုနဲ့ မင်းအတွင်းစိတ်ကို မြင်အောင် မကြည့်ပေးနိုင်တဲ့မိဘတွေရတာ ကံဆိုးလိုက်တာ ။ မင်းမိဘတွေက ငါ့ကိုဂရုမစိုက်တဲ့ ငါ့မိဘတွေထက်ပိုဆိုးနေပါလား။

........
........

Si Woo-" ကို....yae joon!! "

Si woo မှာ yae joon နဲ့ ရင်းနှီးရတော့မှာကြောင့် ပျော်လွန်းလို့ အစောကြီးမနှိုးတတ်တဲ့ သူဟာ အစောကြီးထပြီး company ကို ရောက်လာခြင်းပင်။ company ကိုရောက်တော့လဲ သူ့မှာ ဂနာမငြိမ်နိုင် yae joon အလာကို မျှော်ရတာ အမော။ သူ့မိဘတွေဟာ သူ့ကို yae joon နဲ့ ပိုရင်းနှီးနိုင်အောင် yae joon ဆီက လုပ်ငန်းပိုင်းဆိုင်ရာတွေသင်ရမည်တဲ့လေ ။ နောက်ပြီး သူ့တို့က တစ်ခန်းထဲတွင် တူတူနေရမည်ကို ကြားတော့ si woo မှာ တစ်ခါမှ မကန်တော့ဖူးတဲ့ မားသားကြီး နဲ့ ဖားသားကြီးကို ထိုင်ရှိခိုးချင်စိတ်ပင် ပေါက်သွားရသည်။ သူတွေးနေတုန်း တံခါးပွင့်လာတာကြောင့် Si Woo မှာ ပျော်ရွှင်သွားရသည်။ ခနကြာတော့ သူ့အပျော်လေးဟာ ပျက်သွားရသည်။

System One O Six ( S - 2 ) Donde viven las historias. Descúbrelo ahora