Arc-6.17 Zaw

29 3 0
                                    

ခနလောက်ကြာတော့ ဇာတ်လိုက်တို့ဘက်က သိသိသာသာအရေးနိမ့်လာသည်။ ဇာတ်လိုက်ကလည်း ဇာတ်လိုက်မရဲ့ ဓားချက်ကို အစားခံယူပေးခဲ့တာကြောင့် တော်တော်အထိနာခဲ့လေသည်။

" ကြောင်.....သူတို့ကိုသတ် "

host-" ....... "

Takizaw အဖိုးကြီးစကားသံဆုံးတာနဲ့ ဇာတ်လိုက်တို့ဆီ တစ်လှမ်းခြင်းဆီ လျှောက်သွားလိုက်သည်။ လက်ထဲမှာလဲ ဓားတိုတစ်ချောင်းဖြင့် ။ Takizaw ယုံကြည်သည် အရင်ဘဝက Amon တို့ကို ကယ်တဲ့ သူရောက်လာမယ်ဆိုတာ ဒါကြောင့် သူဘာမှ တွေးပူမနေပဲ ခပ်အေးအေးပင် ဇာတ်လိုက်တို့ဆီ ဖြေးငြင်းစွာ လျှောက်သွားနေခြင်းပင်။ အချိန်ဆွဲခြင်းဆိုလည်း ဟုတ်ပေမည်။

Arkiya-" zaw ငါနင့်ကို....မတွေ့ရတော့ဘူး....ထင်နေတာ....ငါကြောင့်.....နင်ခုလိုဖြစ်ရတာပါ....ငါတောင်းပန်ပါတယ်.... "

Arkiya zaw က သူတို့ကို မသတ်ရက်ဘူးဆိုတာ ယုံသည်။ ဒါကြောင့်လည်း Zaw ကို ဒီကနေ ခေါ်ထုတ်သွားရမယ်လို့ သူမတစ်ထစ်ချ တွေးထားခြင်းပင်။ Zaw က V ဖြစ်သည်ဖြစ်စေ သူမအတွက်အရေးမကြီးပေ။ သူမတို့ပေါင်းလာခဲ့တဲ့ နှစ်ပေါင်းမှမနည်းခဲ့ကြတာ ။ တစ်ကျက်ကျက်ရန်ဖြစ်နေပေမယ့် သံယာဉ်ဇဉ်က ခိုင်လှသည်။

host-" အဲ့ဆိုလည်း.....ကျွန်တော်အတွက်....ပြန်လျော်ပေးလေ "

Takizaw ဓားကို ဝင့်လိုက်သည်။ ဇာတ်လိုက်မကို ရည်ရွယ်ပြီး ဓားကိုလွှတ်ထုတ်လိုက်သည်။

Arkiya-" takizaw...... ဘာလို့ "

Arkiya အံသြမိသည် zaw က သူ့တို့အပေါ် လုပ်ရက်လိမ့်မယ်လို့ သူမမထင်ထားခဲ့။

Host-" ကျစ်.....ဟိုလူကသေနေလားပဲ "

Takizaw ဇာတ်လိုက်မဆီကို ပစ်လိုက်လိုက်တဲ့ ဓားကို အမြန်နှုန်းနဲ့ ဖမ်းလိုက်ပြီး အဘိုးကြီးဘက်ကို ပြန်ပစ်လွှတ်လိုက်သည်။ သူဒီလောက်အချိန်ဆွဲနေတာကို ရောက်မလာနိုင်တဲ့ သူတောင်းစားကိုလည်း မေတ္တာအဝဝပို့သရင်းဖြင့်။

Arkiya-" Zaw..... ငါသိတယ်....နင်ငါ့တို့အပေါ်မလုပ်ရက်ဘူးဆိုတာ.....ဟင့်... "

Arkiya မေ့လဲနေတဲ့ ခေါင်းဆောင်ကို ထိန်းထားရင်း Zaw ကို ပြောလိုက်သည်။

System One O Six ( S - 2 ) Where stories live. Discover now