Arc-7.16 Uni

627 85 24
                                    


Min joon - " အကို yae joon...စကားပြောလို့ရလားဗျ "

Host - " ရပါတယ်... "

^^ ဒီကောင်ဘာဇယားရှုပ်ပြန်ပြီလဲ...ငါဘာသာနေနေတာကို ^^

Yae joon ခြံဝန်းထဲတွင် ရှောက်ပတ်ကြည့်နေတုန်း စကားလာပြောသော min joon ကြောင့် စိတ်ပျက်ရသည်။

Min joon - " အကို...Si woo ကိုအရမ်းချစ်တာပဲလားဟင်... "

Host- " ဒါပေါ့...Si woo က...ကမ္ဘာပေါ်မှာ...ငါအပေါ်အကောင်းဆုံးသူပဲ...သူ့ကိုမချစ်ရင်ဘယ်သူ့ကိုချစ်ရမှာလည်း^^

^^ငါ့နောက်ကိုခုချိန်ထိ...လိုက်လာတဲ့သူ့လိုလူကိုမှ...မချစ်မိရင်...ဘယ်သူ့ကိုမှချစ်မိမှာမဟုတ်ဘူး... ^^

Yae joon Si woo ကို တွေးမိပြီး သူမသိလိုက်ခင်မှာပင် ချစ်စရာကောင်းစွာ ပြုံးမိသွားသည်။ yae joon သတိမထားမိတာက မနာလိုစွာကြည့်နေပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြနေတဲ့ မျက်ဝန်းတစ်စုံ။

Min joon - " ကိုကိုအရမ်းချစ်တဲ့...လူသားကကျွန်တော်ဖြစ်ချင်မိတာ...ဘာလို့သူဖြစ်နေရတာလဲ..ဟား "

Host - " ဘာပြောလိုက်တယ် "

Yae joon Si woo အကြောင်းတွေးနေတာကြောင့် min joon ပြောတာကို ဆုံးအောင် မကြားဖြစ်လိုက် ။

Min joon - " အကိုသိလား...ငယ်ငယ်ကတည်းက...Si Woo က...လိုချင်တာမှန်သမျှရခဲ့တာ...သူကဒီအိမ်ကြီးရဲ့အရှင်သခင်ဖြစ်မဲ့သူပဲ...ဖွားဖွားပါမက...လူတိုင်းကသူ့ကိုချစ်ကျတယ်...Si woo ဘာလိုချင်ချင်...အကုန်ဖြည့်ဆည်းပေးမယ့်သူကြီးပဲ... "

^^ ဒါမဲ့...ကျွန်တော်ကရော..သူ့ရဲ့အရိပ်လိုပဲနေရတယ်...သူကျွေးတာစား...သူပေးတာယူ...သူမရှိတဲ့အချိန်မှ...ဖွားဖွားရဲ့ချစ်ခင်မှုဂရုစိုက်မှုကိုရခဲ့တာ...ကျွန်တော်ကသူ့ရဲ့အရိပ်ပဲ...သူ့နေရာမှာအစားထိုးဖို့အတွက်...ဖွားဖွားကမွေးစားခဲ့တာ...ကျွန်တော်အဲ့လိုမဖြစ်ချင်ဘူး...သူ့အရိပ်မဖြစ်ချင်ဘူး...ဖွားဖွားရဲ့အချစ်တွေ...အရာအားလုံးက...ကျွန်တော်ပိုင်ရမယ်...အကိုအပါအဝင်ပေါ့...မရရအောင်ယူမယ်...ဟက် ^^

Host - " သူကကောင်းကောင်းကြီးပျင်းလာတာပဲ...ဒါကြောင့်ချစ်ဖို့...အွန့်...အင့် "

System One O Six ( S - 2 ) Where stories live. Discover now