Arc-6.12 Unicode

1K 130 2
                                    


" ဒီကလူကြီးမင်း.....ဒီဘက်ကိုကြွပါ..... "

Takizaw သွားချွန်များနဲ့ ပါးများချိုင့်ခွက်နေသော လူကိုကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်​တော့လဲ မှောင်မည်းနေတဲ့ အခန်းထဲမှာ မီးနီရောင် ဖျော့ဖျော့သန်းနေလေသည်။ မီးရောင်ဖျော့ဖျော့ပဲ သန်းနေတာကြောင့် အမှောင်ထုက ပိုပြီးကြီးစိုးနေလေသည်။ လင်းနေတာဆိုလို့ ပါးခွက်များချိုင့်ဝင်နေသော လူလက်ထဲမှာ မီးအိမ်သာရှိသည်။ နောက်ပြီး အဖိုးကြီးက ထိုလူခေါ်ရာနောက်ကို လိုက်သွားသဖြင့် takizaw ပါနောက်က လိုက်လာလိုက်သည်။

" ခနစောင့်ပါ.....အရင်ကလူကြီးမင်း.....ဝယ်နေကြဟာပဲမလား..... "

" အင်း....အဲ့နံပါတ်ထဲကပဲ.....
ငါ့ကိုလိုက်ပြ..... "

Takizaw လည်း ထိုအဖိုးကြီးသွားတဲ့​နောက်ပဲလိုက်သွားရပြန်သည်။ တစ်နေရာရောက်တော့ အပြင်ကမှောင်မည်းနေတဲ့ ပတ်ဝန်းကျင်နဲ့ မတူပဲ လင်းထိန်နေကာ ဘေးနားတွင် တံခါးပေါက်များစွာကို မြင်လိုက်ရသည်။ နောက်ပြီး ထိုပါးခွက်များချိုင့်ဝင်နေတဲ့ V က ထိုတံခါးပေါက်များကို ကျော်ကာ အကွေ့အကောက်များစွာနဲ့ လမ်းတွေကို ကျော်ဖြတ်သွားနေသည်။ takizaw မေးချင်တာက မင်းလမ်းတော့ မှတ်မိတယ်မလားဟုပင် ။ ဒီလောက် ရှုပ်ရှက်ခက်နေတဲ့ လမ်းများကြောင့် သူ့တို့မှာ ကွေ့လိုက် ကောက်လိုက် နဲ့ လိုတဲ့နေရာကို မရောက်နိုင်ပေ။

host-" ဒါ....ဒါတွေက "

^^ လူမဆန်လိုက်တာ.....ဘယ်လိုတောင် ^^

Takizaw သူ့ရှေ့က သံတိုင်များရဲ့ နောက်မှာရှိနေတဲ့ အရာများကြောင့် စွန့်အသွားရသည်။ ထိုတိုင်များအောက်တွင် 10 နှစ်အောက်အရွယ်ရှိသည့် ကလေးငယ်များ အဖြူရောင်ဝတ်စုံများကို ဝတ်ထားလေသည်။

" လူကြီးမင်း.....ဘယ်သူ့ကိုယူမလဲ......အကုန်လုံးကို.....လွန်ခဲ့တဲ့လကမှ.....ရထားတာပါ "

" ဟိုတစ်ယောက်......ဆံပင်ရွှေရောင်လေးနဲ့....... "

host-^^ ဒါက....အရမ်းလွန်တာပဲ....ဒီစောက်အဖိုးကြီး ^^

အဖိုးကြီးရွေးလိုက်တာနဲ့ ပါးခွက်ချိုင့်နေတဲ့ လူကြီးဟာ ဆံပင်ရွှေရောင်လေးနဲ့ ကလေးမကို အပြင်ထုတ်လိုက်လေသည်။ နောက်ပြီး ရှရာများစွာရှိနေတဲ့ ကလေးမရဲ့ လက်ကိုယူကာ ။ သေးပေမယ့် ထက်လှသည့် ဓားသေးသေးလေးနဲ့ ထိုကလေးမရဲ့ လက်ကို လှီးလိုက်လေသည်။ လှီးလိုက်သည်နဲ့ စီးကျလာသော ကောင်မလေးရဲ့ သွေးများကို ခွက်တစ်လုံးဖြင့်ခံယူထားလိုက်သည်။ သူလိုသည့် ပမာဏထိရမှ ​ကောင်မလေးရဲ့လက်ကို ဆေးတစ်ခုခုလောင်းချလိုက်သည်။ ကောင်မလေးကတော့ တုန်ရီနေစွာ နာကျင်နေဟန်ရှိပေမယ့် နှာတ်ခမ်းကို ကိုက်ကာ တောင့်ခံနေပုံပင်။ မျက်လုံးထောင့်တွင် မျက်ရည်ဥလေးများပင် မြင်နေရသည်။ သူတကယ်ဒီကလေးတွေကိုကယ်ချင်တယ်။ ဒါပေမယ့် takizaw မှာလည်း သူ့အခက်အခဲနဲ့သူပင်။

" ရပါပြီ....လူကြီးမင်း....ဒီမှာ "

" အဟား....ဟား.....မင်းကတော့ကွာ......ပစ္စည်းကောင်းတွေကြည့်ပဲ.....မင်းတို့ဆီကဟာတွေက.....လက်ဆက်ပြီးသင်းပြန့်နေတာပဲ........ပိုက်ဆံကိို...အရင်အတိုင်းပဲလွဲကိုလိုက်မယ် "

" လူကြီးမင်း....သဘောပါ.....ပိုက်ဆံက.....ကိစ္စမရှိပါဘူး..... လူကြီးမင်းစိတ်ကျေနပ်ရဲ့လား.... "

host-^^ six ဇာတ်လိုက်တို့လာရင်....ဒီကလေးတွေ.....လွတ်လောက်တယ်မလား ^^

Takizaw အနီရောင် ပုလင်းကို ခွေးတစ်ကောင်လိုအနံခံနေသော အဖိုးကြီးကို ကြည့်လိုက်သည်။သူ့ရဲ့ စိတ်အတွင့်မှာ ရွံရှာနေပေမယ့် အပြင်မှာတော့ မျက်နှာသေနဲ့ပဲဖြစ်သည်။

[ စိတ်မပူပါနဲ့ host...... သူတို့အဆင်ပြေပါတယ်......ဇာတ်လိုက်ကယ်ပေးမှာပါ...... ]

........

Arkiya-" ခေါင်းဆောင်..... သွေးပွဲ​တော်က.....ဒီနေ့ဆိုတာသိပေမယ့်......နေရာကျ......အခက်တွေ့နေတယ် "

Arkiya မြို့ရဲ့ မြေပုံကို ကြည့်ကာ Amon ကိုမေးလိုက်သည်။

Amon-" လွယ်ပါတယ်......နေရာလွတ်ကိုရှာ..."

Arkiya-" အာ.....arkiya သိပြီ.....ဘယ်လောက်ပဲ....သိုဝှက်သိုဝှက်.....မြေနေရာကိုတော့မသိုဝှက်နိုင်ပါဘူး..... "

Arkiya သူခေါင်းစားနေတဲ့ ကိစ္စကို ခေါင်းဆောင် amon က ခနနဲ့ အဖြေရှာတွေ့သွားသဖြင့် လက်မကြီးကြီးပေးလိုက်သည်။ ငါတို့ခေါင်းဆောင်ကတော့ ခေါင်းဆောင်ပါပဲ ။

.........
.........

Takizaw မိန်းမပုံစံ ဝတ်ဆင်လာတဲ့ Amon ကြောင့် ရယ်ချင်လာရသည်။ ထိုပွဲထဲတွင် သူ့မျက်လုံးအောက်က လွတ်သည်ဆိုသည်မှာ မရှိသလောက်ပင် ။ ခုလည်း သူ မြင့်မားတဲ့ အဆောက်အအုံတစ်ခုကနေ Amon တို့ကို ကြည့်နေခြင်းပင်။ ထိုသူတို့ ဝင်လာကတည်းက takizaw ကြည့်နေခြင်းပင်။ ခေါင်းဆောင် Amon က မိန်းကလေးလိုဝတ်လာသည်ကို မြင်လိုက်ရသဖြင့် takizaw မှာ မျက်လုံးများပင် ပြူးထွက်ကုန်ရသည်။ လှတယ်ဆိုပေမယ့်လည်းပေါ့ လမ်းလျှောက်ပုံကအစ လုံးဝမိန်းမဆန်နေသောကြောင့် takizaw အံသြမိသည်။ နောက်ပြီး arkiya ။ ဒီလောက် ကြမ်းတမ်းပြီး ပြဲလန်နေတဲ့ မိန်းမကို cute ပုံစံဝတ်ပေးဖို့ စိတ်ကူးရမိသည့် Amon ကို တကယ်လက်လန်မိသည်။

Amon-" သတိထား.....ငါတို့ဘယ်သူဆိုတာ.....လူမသိစေနဲ..... "

Amon အဝတ်အစားကို စိတ်ပျက်စွာ ကြည့်နေသော arkiya ကြောင့် သတိပေးလိုက်သည်။

Arkiya-" ဟုတ်ကဲ့ပါ ခေါင်းဆောင်.....ခေါင်းဆောင်!!!!! "

ဝှစ်

Arkiya စကားပြောနေရင်းနှင့်ပင် ဓားတိုတစ်ချောင်း ခေါင်းဆောင်ဆီချိန်ပြီး ပစ်လာသဖြင့် သတိပေးလိုက်သည်။

System One O Six ( S - 2 ) Where stories live. Discover now