Arc- 7.11 Uni

980 125 13
                                    


Si woo- " ကိုကို...ကျွန်တော်ရှင်းပြ...ကိုကို!! "

^^ ကိုကို... စိတ်ဆိုးနေတဲ့အတွက်... သေချာချော့မယ်လို့ တွေးထားခဲ့တာ...ခုတော့.... ^^

Si woo အလုပ်ဆင်းတော့ သူခေါ်တာကိုတောင် ဂရုမစိုက်ဘဲ ကားထဲတန်းဝင်သွားကိုကိုကြောင့် စိတ်ညစ်သွားရသည်။ ခနနေတော့ မောင်းထွက်သွားတဲ့ ကားလေးကိုသာ စိတ်မအေးနိုင်စွာ ကြည့်နေမိသည်။

Host -^^ six မင်းငါခိုင်းတာ...လုပ်ပြီးပြီလား... ^^

Yae joon အိမ်ပြန်ရောက်တာနဲ့ သူ့အခန်းထဲပဲတန်းဝင်သွားလိုက်သည်။ သူဒီနေ့ တော်တော်လေးကို စိတ်ပင်ပန်းသည့် နေ့ပင်။

Six- [ အင်း...လုပ်ပြီးပြီ...ဒီမှာစာရွက်စာတမ်းတွေ...နာမည်တုနဲ့လုပ်ခဲ့တာ ]

Six သူ့ host ပင်ပန်းနေတာကြောင့် လေပြေအေးနဲ့ စိတ်ရှည်စွာပြောလိုက်သည်။

Host -^^ thank...အဲ့file တွေကို...space ထဲသိမ်းထားလိုက်...ငါအိပ်​တော့မယ်...ပင်ပန်းလိုက်တာ...ဟူးးး ^^

ကျွီ

Host- " မင်းဘာလာလုပ်တာလဲ "

Yae joon အိပ်ယာပေါ် လှဲနေတုန်း တံခါးဖွင့်သံကြားတာကြောင့် ကြည့်လိုက်တော့ ha joon ဖြစ်နေသည်။

ha joon - " ဟား...ဟား...yae joon...မင်းသိလား...si woo က...သူ့အဖွားနဲ့တွေ့ဖို့...ငါ့ကိုခေါ်နေတာ...ခိစ်...ခိစ်...ကိုကို...ခင်ဗျားပိုင်တဲ့...အရာတွေက...ကျွန်တော်ပိုင်တဲ့အရာတွေကြည့်...ဖြစ်လာတယ်...ပျော်စရာမကောင်းဘူးလား "

^^ မနာလိုလိုက်စမ်းပါ...ဒီထက်မက...ဟား...ဟား... ^^

Host- " ..... "

^^ six မင်းပြောကြည့်...အဲ့ကောင်ဂေါက်နေတာများလား...ဟန် ^^

Yae joon လှဲနေရာကမထပဲ ha joon ကို မှင်သေသေနဲ့ ကြည့်လိုက်သည်။

Six - [ ဖြစ်နိုင်တယ် host...ရုပ်ကိုက...ပိုလီယိုရုပ်နဲ့...စကားကိုကောင်းကောင်းမပြောဘူး...တွန့်လိန်နေတာပဲ...စောက်သံကလည်း...ဖျာသည်တောင်အရှုံးပေးရတယ်...အရင်ကမ္ဘာတွေက...အစစ်မတွေထက်...ဒီပိုလီယိုကောင်က...ပိုရွံစရာ...ကောင်းနေတယ် ]

Host - ^^ အဲ့ကောင်အရင်ဘဝက...ဖျာသည်များဖြစ်လာတာလားမသိ ^^

Ha joon- " ဘာလို့ ပြန်မပြောတာလည်း...ကိုကိုရဲ့...အသွားတာလား...si woo ရဲ့မိသားစုက...joon လေးဆို ...အရမ်းချစ်တာလေ...သိလား...ခိစ်...ခိစ်...မသိရင်...joon လေးက...si woo အိမ်ထောင်ဖက်လိုပဲ...နောက်ပြီး...Si woo ကလည်း...joon လေးပေါ်...အဟင်း...ရှက်စရာတွေ...ဖေဖေနဲ့မေမေကလည်း...joon လေးကိုပဲသားလို့သတ်မှတ်ထားတာ...ကိုကိုဘယ်လောက်ပဲကြိုးစားကြိုးစား...သူတို့ကချစ်လာမှာမဟုတ်ဘူး...အဟင်း...ဟင်း"

System One O Six ( S - 2 ) Where stories live. Discover now