Arc-7.17 uni

397 43 0
                                    


Host - " ဖွားဖွား...အဲ့ဒါဆိုသားတို့သွားတို့မယ်နော် "

Yae joon ကျောက်ရုပ်ပမာရပ်နေသော Si Woo ရဲ့လက်မောင်းကို ထိန်းကိုင်ရင်းပြောလိုက်သည်။ထိုနေ့ကတည်းက Si Woo တစ်ယောက်ဘာဖြစ်မှန်းမသိ စကားလည်းမပြောသလို ရုပ်တည်နဲ့သာ ငြိမ်နေလေသည်။ အနားမှာ လိုက်ကပ်တတ်တဲ့သူက ငြိမ်နေတော့လည်း yae joon မနေတတ်ဖြစ်ရသည်။

" Yae joonလေး...မင်းညီလေးကိုဂရုစိုက်လိုက်အုံးနော်...သူကစိတ်ဆက်ပေမယ့်....မင်းထိန်းရင်ရမယ်လို့အဖွားထင်တယ် "

Host - " ဟုတ်ကဲ့ပါဖွားဖွား...ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါအုံး "

Yae joon Si woo ကို ထိုင်ဖို့ကူညီလိုက်ရင်း အဖွားဖြစ်သူကိုလည်း ပြောလိုက်သည်။

Ha joon - " ဖွားဖွား...ဂျွန်လေးသွားတော့မယ်နော်...နောက်လည်းလာခဲ့မယ်နော်ဖွားဖွား "

Ha joon Si Woo ဘေးကပ်ထိုင်နေသော yae joon ကိုမနာလိုစွာကြည့်လိုက်ရင်း နောက်ခန်းထဲဝင်ထိုင်လိုက်သည်။

......
......

Host - " ငါတို့ဒီမှာခနနားမယ်...Si woo လည်းပင်ပန်းနေလောက်ပြီ "

Yae joon hotel တစ်ခုရှေ့မှာ ကားခနရပ်လိုက်ရင်းပြောလိုက်သည်။ ညပိုင်းလည်းရောက်နေပြီး မိုးလည်းကျနေတာကြောင့် မလိုလားအပ်တာတွေဖြစ်မည်ဆိုး၍ ခရီးတစ်ထောက်နားလိုက်ခြင်းပင်။

Ha joon - " ဟန့်...ပြီးရော...အရမ်းပင်ပန်းနေပြီ..."

Host - " အခန်းနှစ်ခန်းပေးပါ "

" ဟုတ်ကဲ့...ဒီဘက်ကိုကြွပါ "

......

Host - " Si Woo ရေချိုးရအောင် "

Si Woo- "...."

Host-" Si Woo...ဘာလို့ဘာမှမပြောတာလည်း...ငါမင်းမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့နမ်းမိလို့...စိတ်ဆိုးနေတာလား...စိတ်မဆိုးပါနဲ့...ငါ့ကိုစကားပြောပါကွာ...Si Woo..... "

Yae Joon ချစ်ရသူအားတင်းနေအောင်ဖက်ထားလိုက်သည်။ သူကြောက်သည် သူဆီက မော့မော့ပျောက်ကွယ်သွားမှာကို အရမ်းကြောက်သည်။နောက်ပြီး မော့မော့ရဲ့ပုံစံက အရမ်းအားနည်းနေပုံပင်။ သူမသိလိုက်ခင်မှာပင် မော့မော့ပျောက်ကွယ်သွားနိုင်တာကို သိနေတာကြောင့် အရမ်းကြောက်မိသည်။ ယခုအခြေအနေက မော့မော့ပုံစံကြည့်ရသည်မှာ စိတ်နဲ့လူနဲ့မကပ်သလိုပင်။ စိတ်ဝိညာဥ်မရှိသလိုပြုမူနေတာပင်။

System One O Six ( S - 2 ) Where stories live. Discover now