ကျွန်တော် ခေါင်းငုံ့၍ ကော်ဇောက ဒီဇိုင်းတွေကို စိုက်ပြည့်ရင်း မဖြေပဲ အသံတိတ်နားထောင်နေမိသည်။

တောင်းပန်ပါတယ် ' သည် အမှန်တကယ် အချိန်ကုန်သက်သာပြီး အားချွေတာသောမန္တန်ဖြစ်ပေမယ့် ကျွန်တော် ပြောလိုက်တဲ့အချိန်တိုင်း သူပြောသလိုတော့ တိတိကျကျမဟုတ်ပါချေ။

ကျွန်တော်ဟာ သူနှင့် ပဋိပက္ခဖြစ်ပြီး သူ စိတ်မချမ်းမြေ့မဖြစ်စေချင်ရုံသာဖြစ်ပါ​၏။သူ ဒေါသထွက်လျှင် ကျွန်တော်ကတောင်းပန်ရလိမ့်မည်။ သူ ကျွန်တော့်နှင့် သဘောမတူတဲ့အပိုင်းတွေအပါအဝင် ခြွင်းချက်မရှိသဘောတူပေးမှာပင်။

သူက ကျွန်တော် အမြဲတမ်းတောင်းပန်ပါတယ်ပြောခြင်းမှာ သူ ကျွန်တော့်ကို အမြဲတမ်း ဒေါသထွက်နေလို့ဟု ထင်နေ​၏။ကျွန်တော် ဘာပြောပြော ၊ ဘာလုပ်လုပ် သူက မုန်းပေသည်။

ယခုလိုပင်။ သူ့ကို ခက်ခက်ထန်ထန် စကားပြောလာအောင် စိတ်အနှောင့်အယှက်ဖြစ်စေသည်က စကားတစ်ခွန်းကြောင့်လား ၊ အကြည့်တစ်ချက်ကြောင့်လားပင် ကျွန်တော် မသိနေပေ။

ခန္ဓာကိုယ်က နည်းနည်းချင်းအေးစက်လာခဲ့ပြီး အခန်းကလဲ တိတ်ဆိတ်နေကာ ဘယ်သူကမှ စကားမဆိုလာတော့။

ခဏအကြာ ရန်ချင်းကျွမ်းက ကျွန်တော့်အဝတ်တွေကို ဆွဲချပြီး အပေါ်စီးကနေ လက်မောင်းတွင်းသို့ ဆေးပုလင်းကို ပစ်ချပေး​၏။

" ဖြန်းပြီးပြီမို့ ဒီဆေးကို မင်းဘာသာသိမ်းထားလို့ရတယ် "

ကျွန်တော် အလျင်အမြန်ဖမ်းလိုက်ရပြီး သူ့ကိုမော့ကြည့်လိုက်သောအခါ သူဟာ တံခါးဆီသို့ ဦးတည်နေတာကို တွေ့လိုက်ရလျှင် ထရပ်ပြီး သူ့နောက်မှ လိုက်ပါလာ​၏။

" မင်း မြန်မြန်ကြီး ထွက်သွားတော့မလို့လား ? "

ရန်ချင်းကျွမ်းဟာ တံခါးကိုဖွင့်၍ တစ်ခွန်းတစ်ပါဒမျှမဆိုပဲ လျှောက်သွားတော့သည်။

ကျွန်တော်တို့ ယာယီဧည့်သည်ခန်းဟာ စင်္ကြံ၏အဆုံးတွင်ရှိသည်။ အပြင်ဘက်တွင် ပြောင်လက်နေသည့် ပြတင်းပေါက်တွေရှိသော ရှည်လျား ဖြောင့်တန်းသော စင်္ကြံကြီးဖြစ်ပြီး တခြားတစ်ဖက်မှာတော့ အမည်မသိအခန်းများရှိသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now