အခန်း ၁၅၅

Start from the beginning
                                    

"ကောဝူချန်ဆိုတဲ့ ဗုဓ္ဒကို ပုန်ကန်တဲ့အပြစ်သားက မင်းဆီကို ရောက်သွားတာကိုး ချီမိသားစုရဲ့ နောက်ဆုံးသောအုပ်ချုပ်သူက တကယ်ကိုလျော့တွက်လို့မရဘူးပဲ မင်းက ချီကျုံးယဲ့ထက် အများကြီး ပိုကောင်းတယ်ဆိုတာတော့ ကျုပ်ဝန်ခံရမယ်"

ဗီလိန်သည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး

"ကျေးဇူးတင်ပါတယ်"

ဖုန်းလီသည် ကျောက်စိမ်းလက်အစွပ်ကို လှည့်ပတ်နေရင်း

"ကျိယောင်ဇီနဲ့ ကံကြမ္မာယုံကြည်သူ နဲ့ ကျုပ်ကြားက ဆက်နွယ်မှုတွေကို မင်းဘယ်လိုသိတာလဲ"

"အိုး ကောင်းကင်သခင်ရာ ခင်များကလွဲပြီး ဘယ်သူမှမသိဘူးထင်နေတာလားဗျ တကယ်တော့ လူတွေအများကြီးက ခင်များထက်တောင် အတွင်းကျကျသိကြသေးတယ်ဗျာ"

မကောင်းဆိုးဝါးက ပြောသည်။

"ပြောရရင်..."

"ကံကြမ္မာယုံသူက ခင်များရဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ သက်ကယ်အခွံ ပြောရရင် ဒုတိယခန္ဓာအဖြစ် သတ်မှတ်ထားတယ် ဆိုတာလိုမျိုးပေါ့"

ဖုန်းလီသည် သူ့လက်ချောင်းမှ ကျောက်စိမ်းလက်အစွပ်ကို တစ်ချက်ထဲနှင့် ကြေမွသွားအောင် ခြေပစ်လိုက်သည်။ သူ့မျက်လုံးများသည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် မုန်တိုင်းကြီးကဲ့သို့ ဖြစ်လာပြီး ခနအကြာတွင် ပြန်၍ တည်ငြိမ်သွားသည်။

"မင်းဘာတွေ ထပ်သိထားတာရှိသေးလဲ"

မကောင်းဆိုးဝါးသည် ဂရုမစိုက်စွာပြောလိုက်သည်။

"အများကြီးပဲ"

ဖုန်းလီ တစ်ခုခုထပ်ပြောတော့မည့် အချိန်တွင် မကောင်းဆိုးဝါးသည် ရုတ်တရက်

"အာဟ်"

ထို့နောက် မကောင်းဆိုးဝါးသည် အပေါ်မော့ကြည့်၍ လက်ကို ဆန့်ထုတ်လိုက်သည်။ စက္ကူပြာများသည် အလုံးလိုက်လေထဲမှ ရုတ်တရက်ပေါ်လာပြီး ဖြေးဖြေးချင်း အစိမ်းရောင်နှင့် အဖြူရောင်ကတ်အဖြစ်သို့ ပြောင်းလဲသွားကာ မကောင်းဆိုးဝါး၏ လက်ထဲသို့ရောက်သွားသည်။ မကောင်းဆိုးဝါးသည် ထိုကတ်ကို အကြာကြီးကြည့်နေပြီး ရုတ်တရက် မြင်ရခဲသော အပြုံးမျိုးပြုံးလိုက်ပြီး ခပ်ဟဟရယ်မောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now