အခန်း ၁၅၅

Start from the beginning
                                    

"အိုး အိုး အိုး ဒီလောက်ထိ စိတ်လှုပ်ရှားသွားစရာ မလိုပါဘူးဗျာ"

မကောင်းဆိုးဝါးသည် အားကိုးရာမဲ့သလို ပုခုံးတွန့်ပြလိုက်ပြီး

"ကျုပ် ကောင်းကင်သခင်ကို ဒီကိုဖိတ်ခေါ်လိုက်တယ်ဆိုတာက ပူးပေါင်းချင်တဲ့အကြောင်းလေး ပြောချင်လို့ပါဗျာ"

"ပူးပေါင်းတာလား"

ဖုန်းလီ၏အသံသည် လှောင်ပြောင်သည့်အသံဖြစ်နေပြီး

"ကျုပ်တပည့်ကို မင်းဆီရောင်းပြီး ပူးပေါင်းတာမျိုးကို ပြောချင်တာလား"

မကောင်းဆိုးဝါးသည် အားပါးတရ အော်ရယ်လိုက်ပြီး သူ့ရယ်သံသည် ဂူတစ်ဝက်လောက်အထိ ပဲ့တင်ထပ်သွားကာ မှောင်မိုက်ပြီး ကြောက်စရာကောင်းသွားစေသည်။ သူသည် ခက်ခက်ခဲခဲ အရယ်ရပ်အောင်ကြိုးစားပြီး တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်ဗျာ ကျန်းလော့ကို ခင်များအပိုင်လို သတ်မှတ်ပြီး ပြောနေတော့ အရမ်းရယ်ချင်သွားတာ မထိန်းလိုက်နိုင်ဘူး ကောင်းကင်သခင် စိတ်ထဲမထားပါနဲ့"

ဖုန်းလီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စိတ်ပျက်စွာ ကြည့်လိုက်သည်။ ထို့နောက် ရင်ဘက်ပေါ်အထိ လက်မြှောက်ကာ လက်ချောင်းများသည် စည်းတံဆိပ်တစ်ခုကို ချက်ချင်းပုံဖော်လိုက်ရာ မကောင်းဆိုးဝါးက အေးဆေးစွာပြောလိုက်သည်။ ၏

"ကောင်းကင်သခင်က လျှို့ဝှက်ချက်လေးတွေ မသိချင်တော့ဘူးလား"

ဖုန်းလီ၏လက်သည် ရုတ်တရက် စည်းတံဆိပ်ဖော်ဆောင်နေရာမှ ရပ်တန့်သွားသည်။

မကောင်းဆိုးဝါးသည် မြေအောက်မြစ်ကို ကြည့်၍

"ဒီရေတွေက လျန်အိမ်တော် ထျန်ပိရေကန်က ရေတွေလေ ဒီရေတွေက တောင်ပေါ်က လျန်အိမ်တော်ဟောင်းရဲ့ မြင့်မြတ်တဲ့ ရေပူစမ်းကန်ထဲကို စီးဝင်သွားမှာ ဒီရေစင်တွေက ထျန်ပိရေစင်တော်လိုမျိုးပဲ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတာသေချာတယ် ပြီးတော့ ဒီရေတွေက တကယ်ပဲ အကျိုးသက်ရောက်မှုရှိတယ်ဗျ"

ဖုန်းလီသည် မြေအောက်မြစ်ကိုကြည့်၍ လက်ကို အောက်ချလိုက်ကာ အနည်းငယ် လှောင်ပြောင်အထင်သေးသော လေသံဖြင့်ပြောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now