အခန်း ၁၅၄

Start from the beginning
                                    

ကံကြမ္မာယုံသူသည် မတုံ့ဆိုင်းပဲ ပြန်ပြောသည်။

"ပြီးတော့လဲ မင်းဘာပဲလုပ်လုပ် မင်းသူ့ကို မင်းတတ်နိုင်သလောက် ဒဏ်ရာရအောင် လုပ်ခဲ့တာပဲလေ ဒါမှမဟုတ် သူကိုယ်တိုင်ကိုက မင်းကြောင့် ဒဏ်ရာရချင်ခဲ့တာဆိုရင်တောင် ကျုပ်ကျေနပ်တယ် မင်းကြောင့် သူ့လက်မောင်းတစ်ဖက်တော့ ကျိုးသွားတယ်လေ"

"ဒီလောက်နဲ့တင် လုံလောက်နေပါပြီ"

သူကဆက်ပြောသည်။

"မင်းက ကျုပ်ထင်တာထက်တောင် ရလဒ်ကောင်းရလာသေးတယ်လေ"

ကျန်းလော့သည် နှုတ်ခမ်းစေ့လိုက်ပြီး ဝတ်ကျေတန်းကျေ ပြုံးလိုက်သည်။ ရှင်းလင်းစွာ အစစ်အမှန်ကို ဖွင့်ပြပြီးနောက် ကံကြမ္မာယုံသူက ဆက်မေးသည်။

"မင်း နတ်ဘုရားဖြစ်မလာချင်ဘူးလား"

သူ့အသံသည် နူးညံ့ပြီး အဝေးကြီးမှလာသော အသံကဲ့သို့ ဖြစ်နေကာ သူ့နားထဲမှ ဦးနှောက်ဆီသို့ တိုက်ရိုက်ရောက်သွားမည့်ပုံပေါ်သည်။ တစ်စုံတစ်ယောက်သည် သူ့စကားတို့သာ အမှန်ဖြစ်သလို ဦးနှောက်အဆေးခံရတော့မည့်အသံလိုမျိုး နတ်ဘုရားတစ်ပါး၏ အသံလိုမျိုးဖြင့်

"မင်း ယင်ယန်လက်ကောက်ကို ဖွင့်လိုက်ထဲက မင်းမှာ သေခြင်းရှင်ခြင်းကို လွန်ဆန်ချင်တဲ့ စိတ်ဆန္ဒပြင်းပြင်းပျပျရှိနေတယ်လို့ ဆိုလိုတာပဲ ပြီးတော့ မင်းရဲ့ အဲ့ဒီ နတ်ဘုရားစွမ်းအားကို လိုချင်တဲ့ ဆန္ဒက မင်းဆီမှာရော ကျုပ်ဆီမှာရော ရှိနေကြတယ်လေ ကျန်းလော့ ကျုပ်တို့က တူညီတယ်"

"ထာဝရရှင်သန်မှု စွမ်းအားကြိးမယ် လူသန်းပေါင်းများစွာ အထက်မှာ ရပ်တည်ကြမယ်"

ကံကြမ္မာယုံသူသည် ကျန်းလော့ကို အကြည့်မလွှဲပဲ ဆက်ပြောလိုက်သည်။

"လက်မြှောက်လိုက်တာနဲ့ တိမ်ထူလာမယ် လက်မြှောက်လိုက်တာနဲ့ မိုးရွာလာမယ် ကမ္ဘာပေါ်က လူတိုင်းရဲ့အထက်မှာရပ်တည်ပြီး ကမ္ဘာကြီးထဲ လှည့်လည်သွားကြမယ်"

"မရေမတွက်နိုင်တဲ့ လူတွေက မင်းကို တောင့်တ တောင်းဆိုလာကြမယ် ပြီးတော့ မင်းရဲ့ မိုးကြိုးပဲဖြစ်ဖြစ် မိုးရေပဲဖြစ်ဖြစ် (ကောင်းတာဆိုးတာအကုန်) သူတို့ဆီရောက်သွားရင် နတ်ဘုရားဆီက လက်ဆောင်လို တန်ဖိုးထားပေးကြမှာပဲ ဒီလိုဘဝမျိုးကို မလိုချင်ဘူးလား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now