'ဒီဆရာတပည့်က ဘာဖြစ်ထားကြတာလဲကွာ'

ကျန်းလော့သည် ဖုန်းလီကို လုံးဝလှည့်မကြည့်ဘဲ ရေကန်ထဲသို့ တည့်တည့်ဆင်းသွားကာ ဝင်စိမ်လိုက်သည်။ ရေကန်ထဲဝင်စိမ်ရင်း ထိုင်ဖို့နေရာသို့ သွားနေသည့် လမ်းတစ်ဝက်တွင် ကျန်းလော့သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားရာမှ ပြန်ကောင်းမလာသေးဘဲ ရေကန်ထဲသို့ လမ်းလျှောက်ရန် ခြေလက်များ အားနည်းနေသလို ဟန်ဆောင်လိုက်သည်။

ရေကန်ဘေးတွင် ရှိနေသော သူများသည် သူ၏ ယခင်ကနှင့် ကွဲပြားနေမှုကို မြင်နိုင်ကြကာ ကံကြမ္မာယုံသူက ပြောသည်။

"ကောင်းကင်သခင် သူ့ကိုသွားကြည့်ပေးလိုက်ပါဦး"

ဖုန်းလီ၏ မျက်လုံးများသည် ရေပူများကြောင့် ဖြစ်လာသော မြူများကို ဖြတ်င ကျန်းလော့ကို စက္ကန့်အနည်းငယ်လောက်ကြည့်လိုက်ပြီး ရှေ့သို့တလှမ်းတိုးပြီးကာမှ ရုတ်တရက် ရပ်သွားသည်။ ထို့နောက် အေးစက်သော အသံဖြင့်

"ကျုပ်က ခုနကမှ ရှောင်ချန်ရေကန်ထဲက ထွက်လာတာဆိုတော့ ချက်ချင်းပြန်ဆင်းလို့မကောင်းဘူး"

သူ့ကိုယ်ပေါ်မှ ဝိုင်အနံ့တို့သည် ယခုအချိန်တွင် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

ကံကြမ္မာယုံသူသည် ကျိယောင်ဇီကို လှမ်းကြည့်လိုက်သည်။ ဖုန်းလီသည် သူ့အကြည့်လားရာကို သတိထားမိပြီး ကျိယောင်ဇီနှင့် ကျန်းလော့တို့၏ ရင်းနှီးမှုကို ပြန်သတိရသွားကာ မျက်နှာကြီး မည်းသွားပြန်သည်။

"ကျိယောင်ဇီလည်း မရဘူး"

ထိုအကြည့်အပြောတို့ကြောင့် ဤရေကန်နားတွင် ကံကြမ္မာယုံသူမှ လွဲ၍ ကျန်းလော့ကို ဆင်းသွားပြီး ကူညီနိုင်မည့်သူ မရှိတော့ပေ။ ဖုန်းလီမျက်နှာအခြေအနေကို ကြည့်၍ ထပ်ပြီးဘာမှမပြောတော့ပဲ ကံကြမ္မာယုံသူသည် ရေထဲသို့ ဆင်းသွားကာ ကျန်းလော့နားသို့ လျှောက်သွားလိုက်သည်။

ကျန်းလော့သည် နာကျင်မှုကိုတောင့်ခံနေရပုံဖြင့် မျက်ခုံးတွန့်နေကာ မျက်လုံးမှိတ်ထားပြီး သူ့မျက်နှာတွင် ရေပေါက်များသီးနေကာ ရေကန်မှရေများလား ချွေးများလား မပြောနိုင်ပေ။ ကံကြမ္မာယုံသူသည် သူ့ကို ရေထဲတွင် ချော်မလဲသွားစေရန် လက်မောင်းမှ ထိန်းကိုင်ထားပြီး နူးညံ့စွာ ခေါ်လိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Место, где живут истории. Откройте их для себя