အခန်း ၁၅၀

Start from the beginning
                                    

'ဒီအကောင်က ဘယ်ကနေ ဒီလိုရူးကြောင်ကြောင်မေးခွန်းတွေ ထွက်လာတာလဲဟ သူဘာဖြစ်ချင်နေတာတုန်း'

ထို့နောက် ချီယုံ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး

"ကံကြမ္မာယုံသူက မင်းထက်နည်းနည်းပို သဘောကျဖို့ကောင်းတယ်"

'အိုက်ယိုး အသဲကွဲသွားပြီကွာ'

ချီယုံ့၏ အမူအယာမဲ့မှုသည် ကျေနပ်စွာ စိတ်လှုပ်ရှားနေသော မျက်နှာထားသို့ ကူးပြောင်းသွားပြီး

"မင်းက ဒီကိစ္စကို ဘယ်လိုလုပ်ချင်တာလဲ စဉ်းစားထားတာရှိလား"

ကျန်းလော့သည် မျက်လုံးလှိမ့်လိုက်ပြီး

"အဲ့အကြောင်း ခနလောက်ထားဦး မင်းဘာလို့ ကံကြမ္မာယုံသူကို တိုက်ခိုက်ဖို့ အချိန်မရောက်သေးဘူးလို့ ဘာလို့ပြောခဲ့တာလဲ"

မကောင်းဆိုးဝါးသည် ဘာမှပြန်မဖြေပေ သို့သော် ကျန်းလော့သည် သူ့ဟာသူ တွက်ချက်ပြီး တွေးကြည့်ပြီးနေပြီဖြစ်သည်။

"မင်းသူ့ကို အခုထိ မရိုက်နိုင်သေးလို့လား ဒါမှမဟုတ် အဲ့လူမှာ ဝှက်ဖဲတစ်ခုခုရှိနေသေးလို့လား"

ဆံပင်အနက်နှင့်ကောင်လေးသည် စောနတုန်းက မကောင်းဆိုးဝါး၏ လက်ထဲ က ဘောလုံးလို ဆက်တိုက်အနိုင်ကျင့်ခံခဲ့ရသည်ကို လုံးဝမေ့မေ့ပျောက်ပျောက်ဖြစ်သွားကာ

"ငါလေ ဘယ်တုန်းကမှ ကံကြမ္မာယုံသူလိုလူကို တစ်ခါမှမမြင်ဖူးဘူး သူ့ပုံစံက အသက်အရမ်းငယ်တဲ့ ပုံစံပေမဲ့ သူ့အပြုအမူတွေက လုံးဝငယ်မနေဘူး ဖြစ်နိုင်တာ သူက ထာဝရရှင်သန်နိုင်တာလား ဒါပေမဲ့ လောကကြီးထဲမှ အသက်မကြီးသွားတဲ့သူက ရှိလို့လားဟ"

"သူကလေ လူမဟုတ်ဘဲ တခြားတစ်ခုခုဖြစ်နေတာလား သူ့ပုံစံကတော့ တော်တော် သန်မာတဲ့ပုံစံနော် အိုး မင်းလဲ သေချာပေါက်သန်မာ အားကောင်းပါတယ်"

ကျန်းလော့သည် ချီယုံ့ကို ရှားရှားပါးပါး စစ်မှန်သော အပြုံးပြုံးပြကာ ဆက်ပြောသည်။

"ဒါပေမဲ မင်းဝိဉာဉ်က လေးပိုင်းကွဲသွားပြီး ယွမ်ထျန်းကျူး လေးလုံးဖြစ်နေတာလေ မင်းမှာနှစ်လုံး ငါ့မှာ တစ်လုံးရှိတယ် နောက်ဆုံးတစ်လုံးက ဘယ်ရောက်နေမယ်ထင်လဲ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now